Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 24:8

Judson Bible

နူ​နာ​ဘေး​ရောက်​သော​အ​ခါ၊ လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်​တို့ သွန်​သင်​သ​မျှ​အ​တိုင်း သ​တိ​ပြု၍ စေ့​စေ့​စောင့်​ရှောက်​လော့။ သူ​တို့​ကို ငါ​မှာ​ထား​သည်​အ​တိုင်း ကျင့်​စောင့်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ငါ့​ရှေ့​မှာ မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​လျက်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို မီး​ရှို့​လျက်၊ ယဇ်​ပူ​ဇော်​ရာ​ဝတ်​ကို အ​စဉ်​ပြု​ရ​သော လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်​ရိုး​လည်း အ​လျှင်း​မ​ပြတ်​ရ​ဟု မိန့်​တော်​မူ၏။

နောက်​တစ်​ဖန် ထို​ရက်​ကန်း​ပင်၊ ရက်​ကန်း​သား​အ​ဝတ်၊ သား​ရေ​အ​သုံး​အ​ဆောင်၌ အ​နာ​ပေါ်​ပြန်​လျှင်၊ တိုး​ပွား​တတ်​သော​အ​နာ​ဖြစ်၏။ ထို​သို့​အ​နာ​စွဲ​သော​ဥ​စ္စာ​ကို မီး​ရှို့​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည် ဒု​စ​ရိုက်​အ​ပြစ်​ဖြေ​ရာ ယဇ်​ကောင်​အ​သွေး​ကို​ယူ၍ စင်​ကြယ်​စေ​ရ​သော​သူ၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ လက်​ယာ​လက်​မ၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း​ထည့်​ရ​မည်။

နူ​နာ​စွဲ​သော​သူ​သည် စင်​ကြယ်​စေ​သော​နေ့၌ ကျင့်​ရ​သော​တ​ရား​ဟူ​မူ​ကား၊

ယေ​ရှု​က​လည်း သင်​သ​တိ​ပြု။ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-

အ​ဘယ်​သူ​အား စ​ကား​တစ်​ခွန်း​ကို​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သန့်​ရှင်း​ခြင်း​သို့ ရောက်​သည်​အ​တွက်၊ မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မြစ်​တား၍ ချက်​ချင်း လွှတ်​လိုက်​တော်​မူ၏။-

ယေ​ရှု​သည် မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည် သွား​စဉ်​တွင် သန့်​ရှင်း​ခြင်း​သို့ ရောက်​ကြ၏။-

ယေ​ရှု​က​လည်း၊ ဤ​အ​ကြောင်း​ကို အ​ဘယ်​သူ​အား​မျှ မ​ပြော​နှင့်။ ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​သွား၍ ကိုယ်​ကို​ပြ​လော့။ သူ​တစ်​ပါး၌ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ သန့်​ရှင်း​ခြင်း​သို့ ရောက်​သည်​အ​တွက် မော​ရှေ​စီ​ရင်​မှာ​ထား​သော ပူ​ဇော်​သ​ကာ​ကို ဆက်​လော့​ဟု မိန့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ