Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 24:19

Judson Bible

သင်​သည် ကိုယ်​လယ်၌ အ​သီး​အ​နှံ​ကို ရိတ်​သော​အ​ခါ၊ မေ့​လျော့​သော​ကောက်​လှိုင်း​ကို ပြန်၍​မ​ယူ​ရ။ သင်​ပြု​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်​အ​ကြောင်း၊ ထို​ကောက်​လှိုင်း​ကို တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​အ​ဖို့ ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ဘ၏​ရှေ့​ဖြစ်​ဟန်​ကို ကောင်း​ချီး​ပေး​တော်​မူ​သည်ထက်၊ နောက်ဖြစ်ဟန်ကိုသာ၍ ကောင်းချီးပေးတော်မူသ​ဖြင့်၊ သူ​သည် သိုး​တစ်​သောင်း​လေး​ထောင်၊ ကု​လား​အုတ်​ခြောက်​ထောင်၊ နွား​ရှဉ်း​တစ်​ထောင်၊ မြည်း​မ​တစ်​ထောင်​ကို ရ​တတ်၏။

သူ​သည် စွန့်​ကြဲ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့​အား​ပေး​ကမ်း​ပြီ။ သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ တည်​တတ်၏။ သူ၏​ဦး​ချို​သည် ဂုဏ်​အ​သ​ရေ​နှင့် ချီး​မြှင့်​ခြင်း​ရှိ​လိမ့်​မည်။

မိ​မိ​အိမ်​နီး​ချင်း​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ရှိ၏။ ဆင်း​ရဲ​သော​သူ​ကို သ​နား​သော​သူ​မူ​ကား၊ မင်္ဂ​လာ​ရှိ၏။

ဆင်း​ရဲ​သား​ကို သ​နား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား ချေး​ငှား​သော​သူ​ဖြစ်၍၊ သူ​ပြု​သော​အ​မှု၏​အ​ကျိုး​ကို ဆပ်​ပေး​တော်​မူ​လိမ့်​မည်။

စေ​တ​နာ​ရှိ​သော​သူ​မူ​ကား၊ စေ​တ​နာ​နှင့်​ဆိုင်​သော အ​ကြံ​တို့​ကို ကြံ​စည်​တတ်၏။ စေ​တ​နာ​နှင့်​ဆိုင်​သော အ​ရာ​အား​ဖြင့် တည်​ရ​လိမ့်​မည်။

ကိုယ်​မြေ၌​ဖြစ်​သော​စ​ပါး​ကို ရိတ်​သော​အ​ခါ၊ လယ်​ထောင့်​တို့​ကို အ​ကုန်​အ​စင် မ​ရိတ်​ရ။ သိမ်း​ရာ​တွင်​ကျန်​ကြွင်း​သော​အ​ရာ​ကို ပြန်၍​မ​ကောက်​မ​သိမ်း​ရ။ ထို​အ​ရာ​ကို ဆင်း​ရဲ​သော​သူ၊ ဧည့်​သည်​အာ​ဂ​န္တု​အ​ဖို့ ချန်​ခြွင်း​ရ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​မူ​ကား ရန်​သူ​တို့​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး​ပြု​ကြ​လော့။ တစ်​စုံ​တစ်​ခု​ကို​ရ​မည်​ဟု မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​အ​ကျိုး​ကြီး​လိမ့်​မည်။ အ​မြင့်​ဆုံ​သော​ဘု​ရား၏​သား ဖြစ်​ကြ​လိမ့်​မည်။-

သူ​တစ်​ပါး​အား ပေး​ကြ​လော့။ ပေး​လျှင် သူ​တစ်​ပါး​သည် သင်​တို့​အား​ပေး​ကြ​လိမ့်​မည်။ အ​မှန်​ခြင်​ရုံ​မျှ​မ​က၊ သိပ်​နှက်​လျက်၊ လှုပ်​လျက်၊ လျှံ​လျက်​ရှိ​ခြင်း​နှင့် သင်​တို့​ရင်​ခွင်၌ ပေး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား​ပေး၏၊ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။

သင်​တို့​နှင့်​ရော၍ အ​ဖို့​မ​ရှိ၊ အ​မွေ​ကို မ​ခံ​ရ​သော လေ​ဝိ​သား၊ သင်​တို့​နေ​ရာ​အ​ရပ်၌​ရှိ​သော တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​များ​တို့​သည် လာ၍ ဝ​စွာ​စား​ရ​ကြ​မည်။ သို့​ဖြစ်​လျှင် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။

အ​ကယ်​စင်​စစ် သူ့​အား​ပေး​ရ​မည်။ ပေး​သော​အ​ခါ နှ​မြော​သော​စိတ်​မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ထို​ဒါ​န​ကြောင့် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ပြု​လေ​ရာ​ရာ၊ လုပ်​ဆောင်​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။

သင်​သည် အဲ​ဂု​တ္တု​ပြည်၌ ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​ကို​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ထို​ပြည်​မှ ရွေး​နုတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း အောက်​မေ့​ရ​မည်။ ထို​ကြောင့် ဤ​ပ​ညတ်​ကို ငါ​ထား၏။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ သန့်​ရှင်း​သော​ဥ​စ္စာ​တို့​ကို အိမ်​မှ​ထုတ်၍ လေ​ဝိ​သား၊ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​အား​ပေး​ပါ​ပြီ။ ပ​ညတ်​တော်​တို့​ကို မ​လွန်​ကျူး၊ မ​မေ့​လျော့​ပါ။

ရိတ်​ပြီး​သော​စ​ပါး​အ​ချို့​ကို​လည်း သူ​အ​ဖို့​ချ​ထား​လော့။ ကောက်​ယူ​ပါ​စေ။ အ​ပြစ်​မ​တင်​ကြ​နှင့်​ဟု မှာ​ထား၏။

မော​ဘ​ပြည်​သူ​ရု​သ​က၊ ကျွန်​မ​သည် လယ်​ပြင်​သို့​သွား၍ စိတ်​နှင့်​တွေ့​သော​သူ​နောက်​မှာ စ​ပါး​ကျန်​ကို ကောက်​ပါ​ရ​စေ​ဟု နော​မိ၌​အ​ခွင့်​ပန်​လျှင်၊ နော​မိ​က၊ သွား​တော့​ငါ့​သ​မီး​ဟု ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ