အဘသည် သား၏အပြစ်ကြောင့်လည်းကောင်း၊ သားသည် အဘ၏အပြစ်ကြောင့်လည်းကောင်း အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့်သာ အသေခံရမည်။
သားအတွက်အဘသည် အသေမခံရ။ အဘအတွက် သားသည်အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေးထားလျက်ရှိသော ထာဝရဘုရား၏ပညတ်တော်ကို စောင့်ရှောက်၍၊ ထိုကျွန်တို့၏သားများကို မသတ်ဘဲနေ၏။
ပြစ်မှားသောသူသည် အသေခံရမည်။ သားသည် အဘ၏အပြစ်ကို မခံရ။ အဘသည် သား၏အပြစ်ကို မခံရ။ တရားသောသူသည် တရားစွာပြုခြင်း အကျိုးကိုလည်းကောင်း၊ မတရားသောသူသည် မတရားစွာပြုခြင်း အပြစ်ကိုလည်းကောင်း ခံရလိမ့်မည်။
ဝိညာဉ်အပေါင်းတို့ကိုငါပိုင်၏။ အဘ၏ဝိညာဉ်ကို ငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။
ထိုနောက်၊ ဒံယေလ၌ အပြစ်တင်သော သူတို့ကို ရှင်ဘုရင်၏အမိန့်တော်နှင့် ခေါ်၍၊ သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြလျှင်၊ မြေသို့မရောက်မီ ခြင်္သေ့တို့သည်နိုင်၍ သူတို့ အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ၏။
သို့ရာတွင် ကောရ၏သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ၏။
ရှင်ဘုရင်က၊ အဟိမလက်၊ သင်နှင့် သင်၏အဆွေအမျိုးအပေါင်းတို့သည် ဧကန်အမှန်အသေခံရမည်ဟုဆိုလျက်၊