တရားဟော 24:14Judson Bibleအမျိုးသားချင်းဖြစ်စေ၊ သင့်နေရာမြို့ရွာတို့၌ တည်းခိုသော တစ်ပါးအမျိုးသားဖြစ်စေ၊ ဆင်းရဲငတ်မွတ်သောသူငှားကို မညှဉ်းဆဲရ။ အခန်းကိုကြည့်ပါ။ |
ငါတို့သည် စပါးကို ရောင်းအံ့သောငှာ လဆန်းနေ့လွန်ပါစေ၊ ဂျုံကို ရောင်းအံ့သောငှာ ဥပုသ်နေ့ လွန်ပါစေဟုဆိုလျက်၊ ဧဖာလေးကို ငယ်စေခြင်းငှာလည်းကောင်း၊ ကျပ်လေးကို ကြီးစေခြင်းငှာလည်းကောင်း လုပ်၍၊ စဉ်းလဲသော ချိန်ခွင်ကို သုံးလျက် ဆင်းရဲသောသူကို ငွေနှင့်လည်းကောင်း၊ ငတ်မွတ်သောသူကို ခြေနင်းတစ်ရံနှင့်လည်းကောင်း ဝယ်၍၊ ညံ့သောဂျုံဆန်ကိုရောင်းလျက်၊ ငတ်မွတ်သော သူတို့ကို နှိပ်နင်း၍ ဆင်းရဲသော ပြည်သားတို့ကို ဖြတ်ခြင်းငှာ အလွန်အလိုကြီးသောသူတို့၊ ဤစကားကို နားထောင်ကြလော့။
သင်တို့ကို စစ်ကြောစီရင်ခြင်းငှာ ငါချဉ်းမည်။ ပြုစားတတ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ မမှန်သော ကျိန်ဆိုခြင်းကို ပြုသောသူ၊ သူငှားကို အခမပေး ညှဉ်းဆဲသောသူ၊ မိဘမရှိသောသူငယ်နှင့် မုဆိုးမကို ညှဉ်းဆဲသောသူ၊ ဧည့်သည်ကို မတရားသဖြင့် စီရင်သောသူ၊ ငါ့ကိုမကြောက်ရွံ့သောသူတို့တစ်ဖက်၌ ငါသည် လျင်မြန်သောသက်သေဖြစ်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူ၏။