Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 24:13

Judson Bible

သူ​သည် မိ​မိ​အ​ဝတ်​ကို​ဝတ်​ခြုံ​လျက် အိပ်​ပျော်၍ သင့်​ကို​ကောင်း​ချီး​ပေး​မည် အ​ကြောင်း၊ သူ​ပေါင်၍​ထား​သော ဥ​စ္စာ​ကို နေ​ဝင်​လျှင် ဆက်​ဆက်​ပြန်​အပ်​ရ​မည်။ ထို​သို့​ပြု​သော​အ​မှု​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဖြောင့်​မတ်​သော​အ​မှု ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ယုံ​ကြည်​သည်​ဖြစ်၍၊ သူ၏​ယုံ​ကြည်​ခြင်း​ကို ဖြောင့်​မတ်​ခြင်း​ကဲ့​သို့ မှတ်​တော်​မူ၏။

သူ​သည် စွန့်​ကြဲ​ပြီ။ ဆင်း​ရဲ​သော​သူ​တို့​အား​ပေး​ကမ်း​ပြီ။ သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ တည်​တတ်၏။ သူ၏​ဦး​ချို​သည် ဂုဏ်​အ​သ​ရေ​နှင့် ချီး​မြှင့်​ခြင်း​ရှိ​လိမ့်​မည်။

ငါ့​လူ​ဖြစ်​သော ဆင်း​ရဲ​သား​အိမ်​နီး​ချင်း​အား သင်​သည်​ငွေ​ကို​ချေး​လျှင်၊ အ​တိုး​စား​သော​သူ​ကဲ့​သို့ သူ​၌​မ​ပြု၊ အ​တိုး​ကို​မ​တောင်း​ရ။

သို့​ပြု​လျှင် သင်၏​အ​လင်း​သည် မိုး​သောက်​သော အ​လင်း​ကဲ့​သို့​ပေါ်​ထွန်း၍၊ အ​လျင်​အ​မြန် ကျန်း​မာ​ခြင်း​သို့​ရောက်​လိမ့်​မည်။ သင်၏ ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​သည် သင့်​ရှေ့၌ သွား၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် နောက်၌ လုံ​ခြုံ​စေ​လိမ့်​မည်။

ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​ကို ညှဉ်း​ဆဲ​ခြင်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​နေ​ခြင်း၊ ရုပ်​တု​ကို ဖူး​မျှော်​ခြင်း၊ ရွံ​ရှာ​ဖွယ်​သော အ​မှု​ကို​ပြု​ခြင်း၊

အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ပေါင်​ထား​သော ဥ​စ္စာ​ကို​မ​သိမ်း၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး​ခြင်း၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့်​ဖုံး​လွှမ်း​ခြင်း၊

အ​ဘယ်​သူ​ကို​မျှ မ​ညှဉ်း​ဆဲ၊ ကြွေး​စား​ပေါင်​ထား​သော​ဥ​စ္စာ​ကို ပြန်၍​မ​ပေး​ဘဲ​မ​နေ၊ သူ့​ဥ​စ္စာ​ကို အ​နိုင်​အ​ထက်​မ​လု​မ​ယူ၊ ငတ်​မွတ်​သော​သူ​ကို ကျွေး​မွေး၍၊ အ​ဝတ်​မ​ရှိ​သော​သူ​ကို အ​ဝတ်​နှင့် ဖုံး​လွှမ်း​လျှင်​လည်း​ကောင်း၊

ပေါင်​ထား​သော​ဥ​စ္စာ​ကို မ​သို​ထား၊ လု​ယူ​သော​ဥ​စ္စာ​ကို ပြန်​ပေး​လျက်၊ အ​ဓ​မ္မ​အ​မှု​ကို မ​ပြု​ဘဲ အ​သက်​ရှင်​ရာ ပ​ညတ်​တ​ရား​လမ်း​သို့ လိုက်​လျှင်၊ အ​သေ​မ​ခံ​ရ​ဘဲ စင်​စစ်​အ​သက်​ရှင်​ရ​လိမ့်​မည်။

သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။ တ​ရား​သော အ​မှု​ကို​ပြု​ခြင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​ခြင်း​အား​ဖြင့် ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို ပယ်​ဖြတ်​တော်​မူ​ပါ။ ထို​သို့​ပြု​လျှင်၊ ချမ်း​သာ​ရ​ကောင်း ရ​တော်​မူ​လိမ့်​မည်​ဟု ဒံ​ယေ​လ​လျှောက်​ထား၏။

ပေါင်​ထား​သော​အ​ဝတ်​ကို ခပ်​သိမ်း​သော ယဇ်​ပ​လ္လင်​တို့​အ​နား၌ ခင်း၍​အိပ်​သော​အ​ပြစ်၊ လျော်​ပြစ်​ငွေ​နှ​င့် ဝယ်​သော​စ​ပျစ်​ရည်​ကို သူ​တို့​ဘု​ရား၏​အိမ်၌ သောက်​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

အ​မျက်​ထွက်​ရာ​တွင် အ​ပြစ်​မ​ရှိ​စေ​နှင့်။-

ထို​သူ​သည် ဆင်း​ရဲ​လျှင်၊ ပေါင်၍​ထား​သော​ဥ​စ္စာ​ကို ပြန်​မ​အပ်​ဘဲ ည​ကို​မ​လွန်​စေ​ရ။

နေ့​စဉ်​မ​ပြတ် သူ့​အ​ခ​ကို ပေး​ရ​မည်။ မ​ပေး​ဘဲ နေ​မ​ဝင်​စေ​နှင့်။ သူ​သည် ဆင်း​ရဲ​သော​ကြောင့် ရ​ထိုက်​သော​အ​ခ​ကို​လည်း စိတ်​စွဲ​လမ်း​လျက် ရှိ​လိမ့်​မည်။ မ​ပေး​ဘဲ​နေ​လျှင် သူ​သည် သင့်​ကို​အ​ပြစ်​တင်၍ ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​သ​ဖြင့် သင်၌​အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။

သို့​ဖြစ်၍ ငါ​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဤ​ပ​ညတ်​အ​လုံး​စုံ​တို့​ကို ရှေ့​တော်၌​ကျင့်​စောင့်​ခြင်း​ငှာ သ​တိ​ပြု​လျှင်၊ ဖြောင့်​မတ်​ရာ​သို့ ရောက်​ရ​ကြ​လိမ့်​မည်​ဟု ပြန်​ပြော​ရ​မည်။

ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ စင်​ကြယ်​သန့်​ရှင်း​သော သီ​လ​ဟူ​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​တို့​နှင့် မု​ဆိုး​မ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကိုယ်​တိုင်​လည်း လော​ကီ​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​အံ့​သော​ငှာ စောင့်​ရှောက်​ခြင်း​ပေ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ