Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 23:6

Judson Bible

သင်​သည် သူ​တို့​ချမ်း​သာ၊ သူ​တို့​စည်း​စိမ်​ကို တစ်​သက်​လုံး​အ​စဉ် မ​ပြု​စု​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မြို့​သား​တို့​ကို​လည်း ထုတ်​ဆောင်၍ လွှ​တိုက်​မှု၊ သံ​ထွန်၊ သံ​ပု​ဆိန်​နှင့်​အ​လုပ်​မှု​ကို လုပ်​စေ၍ အုတ်​ဖို၌​လည်း ကျင်​လည်​စေ၏။ ထို​သို့ ဒါ​ဝိဒ်​သည် အ​မ္မုန်​မြို့​သူ ရွာ​သား​အ​ပေါင်း​တို့၌ ပြု​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​နှင့်​အ​တူ ယေ​ရု​ရှင်​လင်​မြို့​သို့ ပြန်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ၏​ဒု​က္ခ​ကို​ကြည့်​ရှု၍ ယ​နေ့ ထို​သူ​ကျိန်​ဆဲ​သည်​အ​တွက် ကောင်း​သော​အ​ကျိုး​ကို ပြန်​ပေး​ကောင်း ပေး​တော်​မူ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊ အ​ဘိ​ရှဲ​နှင့် ကျွန်​တော်​မျိုး​အ​ပေါင်း​တို့​အား မိန့်​တော်​မူ၏။

မော​ဘ​ပြည်​ကို​လည်း​လုပ်​ကြံ၍ ပြည်​သား​တို့​ကို မြေ​ပေါ်​မှာ လှဲ​ချ​သ​ဖြင့်၊ ကြိုး​နှင့်​တိုင်း​လျက် သုံး​စု​တွင် နှစ်​စု​ကို​သတ်၏။ တစ်​စု​ကို​ချမ်း​သာ​ပေး၏။ ထို​သို့ မော​ဘ​အ​မျိုး​သား​တို့​သည် ဒါ​ဝိဒ်၌​ကျွန်​ခံ၍ အ​ခွန်​ဆက်​ရ​ကြ၏။

ကိုယ်​တော်​က၊ သင်​တို့​သွား၍ သိမ်း​ယူ​လ​တ္တံ့​သော​ပြည်​သည်၊ ပြည်​သူ​ပြည်​သား​တို့ အ​ညစ်​အ​ကြေး​ကြောင့် ညစ်​ညူး​သော​ပြည် ဖြစ်၏။ တစ်​ပြည်​လုံး​ကို ရွံ​ရှာ​ဖွယ်​အ​မှု​တို့​နှင့် ပြည့်​စေ​ကြ​ပြီ။ သို့​ဖြစ်၍ သင်​တို့​သ​မီး​ကို သူ​တို့​သား​အား မ​ပေး​စား​ကြ​နှင့်။ သူ​တို့၏​သ​မီး​ကို သင်​တို့​သား​နှင့် မ​စုံ​ဖက်​စေ​ကြ​နှင့်။ သူ​တို့​ချမ်း​သာ​နှင့် သူ​တို့​စည်း​စိမ်​ကို အ​လျှင်း​မ​ပြု​စု​ကြ​နှင့်။ သင်​တို့​သည် ခွန်​အား​ကြီး၍ မြေ​အ​သီး​အ​နှံ​ကို စား​ရ​သော​အ​ခွင့်၊ ထို​မြေ​ကို ကိုယ်​သား​မြေး​တို့၌ နိ​စ္စ​အ​မွေမြေ​ဖြစ်​စေ၍၊ အပ်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ထို​သို့​ကျင့်၍ နေ​ကြ​လော့​ဟု ကိုယ်​တော်​ကျွန်၊ ပ​ရော​ဖက်​တို့​အား​ဖြင့် မှာ​ထား​တော်​မူ​သော ပ​ညတ်​စ​ကား​တော်​ကို အ​ကျွန်ုပ်​တို့​သည် နား​မ​ထောင်​ပါ​တ​ကား။

သို့​ဖြစ်၍၊ အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​စ​ကား​ကို နာ​ယူ​တော်​မူ​ပါ။ တ​ရား​သော အ​မှု​ကို​ပြု​ခြင်း၊ ဆင်း​ရဲ​သော​သူ​တို့​ကို သ​နား​ခြင်း​အား​ဖြင့် ဒု​စ​ရိုက်​အ​ပြစ်​တို့​ကို ပယ်​ဖြတ်​တော်​မူ​ပါ။ ထို​သို့​ပြု​လျှင်၊ ချမ်း​သာ​ရ​ကောင်း ရ​တော်​မူ​လိမ့်​မည်​ဟု ဒံ​ယေ​လ​လျှောက်​ထား၏။

အို ငါ၏​လူ​မျိုး၊ ရှိ​တ္တိမ်​မြို့​နှင့် ဂိ​လ​ဂါ​လ​မြို့ စပ်​ကြား​မှာ မော​ဘ​မင်း​ကြီး ဗာ​လက်​ကြံ​စည်​သော အ​ကြံ​ကို​လည်း​ကောင်း၊ ဗော​ရ​သား ဗာ​လမ်​ပြန်​ပြော​သော စ​ကား​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​သို့ အောက်​မေ့​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဖြောင့်​မတ်​တော်​မူ​ခြင်း​ကို နား​လည်​လိမ့်​မည်။

ထို​အ​ခါ ဗာ​လက်​မင်း​သည်၊ ဗာ​လမ်​ကို​အ​မျက်​ထွက်၍ လက်​ခုပ်​တီး​လျက်၊ ငါ၏​ရန်​သူ​တို့​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ သင့်​ကို​ငါ​ခေါ်​ခဲ့၏။ သင်​သည် သုံး​ကြိမ်​တိုင်​အောင် အ​ကြွင်း​မဲ့ ကောင်း​ချီး​ပေး​လေ​ပြီ​တ​ကား။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ချစ်​သော​ကြောင့်​လည်း​ကောင်း၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​အ​ကျိန်​ကို မ​ဖျက်​လို​သော​ကြောင့်​လည်း​ကောင်း၊ ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​ကို​အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​လက်​မှ အား​ကြီး​သော​လက်​တော်​နှင့် သင့်​ကို ရွေး​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ