Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 23:20

Judson Bible

တစ်​ပါး​အ​မျိုး​သား၌ အ​တိုး​ယူ၍ ချေး​ငှား​ရ၏။ သင်​သွား၍ ဝင်​စား​သော​ပြည်​တွင် သင်​ပြု​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ချီး​ပေး​တော်​မူ​မည်​အ​ကြောင်း၊ အ​မျိုး​သား​ချင်း၌ အ​တိုး​ယူ၍ ချေး​ငှား​ခြင်း​ကို ရှောင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

မှူး​မတ်​နှင့် မင်း​အ​ရာ​ရှိ​တို့​ကို ခေါ်၍၊ သင်​တို့​သည် အ​မျိုး​သား​ချင်း​တို့၌ အ​တိုး​စား​တတ်​ကြ​သည် တ​ကား​ဟု ဆုံး​မ​သ​ဖြင့်၊ သူ​တို့​တစ်​ဖက်၌ လူ​အ​များ​တို့​ကို စု​ဝေး​စေ​လျက်၊

ကိုယ်​ငွေ​ကို​ချေး၍ အ​တိုး​မ​ယူ၊ အ​ပြစ်​မ​ရှိ​သော​သူ၏​တစ်​ဖက်​မှ တံ​စိုး​ကို​မ​ခံ​ဘဲ​ကျင့်​သော​သူ​သည် လှုပ်​ရှား​ခြင်း​နှင့် အ​စဉ်​အ​မြဲ ကင်း​လွတ်​လိမ့်​သ​တည်း။

ငါ​အ​မျက်​ပြင်း​စွာ​ထွက်​လျက် သင်​တို့​ကို ဓား​ဘေး​ဖြင့်​ကွပ်​မျက်​မည်။ သင်​တို့​မ​ယား​များ​သည်​လည်း မု​ဆိုး​မ​ဖြစ်၍၊ သား​သ​မီး​များ​သည်​လည်း မိ​ဘ​မ​ရှိ​သော သူ​ငယ်​ဖြစ်​ကြ​လိမ့်​မည်။

ငါ့​လူ​ဖြစ်​သော ဆင်း​ရဲ​သား​အိမ်​နီး​ချင်း​အား သင်​သည်​ငွေ​ကို​ချေး​လျှင်၊ အ​တိုး​စား​သော​သူ​ကဲ့​သို့ သူ​၌​မ​ပြု၊ အ​တိုး​ကို​မ​တောင်း​ရ။

ဆင်း​ရဲ​သား​ကို သ​နား​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား ချေး​ငှား​သော​သူ​ဖြစ်၍၊ သူ​ပြု​သော​အ​မှု၏​အ​ကျိုး​ကို ဆပ်​ပေး​တော်​မူ​လိမ့်​မည်။

သင်​တို့​သည် ကြည်​ညို​နား​ထောင်​လျှင်၊ မြေ​အ​သီး​အ​နှံ​ကို စား​ရ​ကြ​လိမ့်​မည်။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည် ဆင်း​ရဲ​သား​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​သည် ကျွန်​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​မ​သည် ကျွန်​မ​ကဲ့​သို့​လည်း​ကောင်း၊ ရောင်း​သော​သူ​သည် ဝယ်​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ကြွေး​ရှင်​သည် ကြွေး​တင်​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ အ​တိုး​စား​သော​သူ​သည် အ​တိုး​ပေး​သော သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​လိမ့်​မည်။

အ​တိုး​စား၍ ငွေ​ကို​မ​ချေး၊ အ​ဓ​မ္မ​အ​မှု​ကို လက်​မ​ခံ၊ သူ​တစ်​ပါး​အ​မှု​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း၊

သူ၌ အ​တိုး​အ​ပွား​ကို​မ​ယူ​ရ။ သင်၏​အ​မျိုး​သား​ချင်း​သည် သင့်​ထံ​မှာ​နေ​စေ​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​လော့။

ထို​သို့​ခေါ်​ဖိတ်​လျှင် မင်္ဂ​လာ​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ကျေး​ဇူး​မ​ဆပ်​နိုင်​သည် ဖြစ်၍၊ ဖြောင့်​မတ်​သော​သူ​တို့​သည် ထ​မြောက်​သည်​ကာ​လ၌ သင်​သည် ကျေး​ဇူး​ဆပ်​ခြင်း​အ​ကျိုး​ကို ခံ​ရ​လ​တ္တံ့​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။

အ​လို​လို​သေ​သော​အ​ကောင်​ကို မ​စား​ရ။ သင်​တို့၌ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​စား​စ​ရာ​ဖို့ ပေး​ရ​မည်။ သို့​မ​ဟုတ် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​အား ရောင်း​ရ​မည်။ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​လူ​မျိုး​ဖြစ်​ကြ၏။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။

အ​ကယ်​စင်​စစ် သူ့​အား​ပေး​ရ​မည်။ ပေး​သော​အ​ခါ နှ​မြော​သော​စိတ်​မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ထို​ဒါ​န​ကြောင့် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ပြု​လေ​ရာ​ရာ၊ လုပ်​ဆောင်​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။

တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၌ တောင်း​ရ​သော​အ​ခွင့်​ရှိ၏။ ညီ​အစ်​ကို၌​ရှိ​သော ကိုယ်​ဥ​စ္စာ​ကို မ​တောင်း​ဘဲ​လွှတ်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် အ​ချိန်​တန်​မှ သင်၏​ပြည်၌ မိုး​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ဘ​ဏ္ဍာ​တော်​တိုက်​တည်း​ဟူ​သော မိုး​ကောင်း​ကင်​ကို​ဖွင့်​တော်​မူ​မည်။ သင်​သည် လူ​မျိုး​များ​တို့​အား ချေး​ငှား​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သူ​တို့​သည် သင့်​အား​ချေး​ငှား​ရ​သော​အ​ခွင့် မ​ရှိ​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ