Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 22:8

Judson Bible

လူ​သည် အိမ်​မိုး​ပေါ်​က​ကျ၍ လူ​အ​သက်​ကို သတ်​သော​အ​ပြစ် မ​ရောက်​မည်​အ​ကြောင်း၊ အိမ်​အ​သစ်​ကို​ဆောက်​သော​အ​ခါ၊ အ​မိုး​နား​ပတ်​လည်၌ အ​ဆီး​အ​တား​ကို လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

နောက်​တစ်​နေ့​ညဉ့်​ဦး​ယံ၌ ဒါ​ဝိဒ်​သည် လျောင်း​စက်​ရာ​မှ​ထ၍ နန်း​တော်​မိုး​ပေါ်​မှာ စင်္ကြံ​သွား​စဉ်​တွင်၊ အ​လွန်​အ​ဆင်း​လှ​သော မိန်း​မ​တစ်​ယောက်​ရေ​ချိုး​သည်​ကို မြင်​တော်​မူ၏။

မီး​ရှို့​သော​အ​ခါ မြက်​ပင်​ကြောင့် အ​စဉ်​အ​တိုင်း​လျှောက်​၍​လောင်​လျက်၊ ကောက်​လှိုင်း၊ စ​ပါး​ပင်၊ လယ်၌​ရှိ​သော​အ​ရာ​တို့​ကို လောင်​လျှင်၊ မီး​ရှို့​သော​သူ​သည် အ​မှန်​လျော်​ရ​မည်။

ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ချိုင့်​နှင့် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ကား၊ သင့်​တစ်​မြို့​လုံး​သည် အိမ်​မိုး​ပေါ်​သို့​တက်​ရ​မည်​အ​ကြောင်း၊ အ​ဘယ်​အ​မှု ရောက်​သ​နည်း။

အ​ကြင်​အိမ်​မိုး​အ​ပေါ်​မှာ ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့၍၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​များ​ရှေ့၌ သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ပြု၏။ ထို​အိမ်​ရှိ​သ​မျှ​တို့​နှင့်​တ​ကွ ယေ​ရု​ရှ​လင်​မြို့​အိမ်​များ၊ ယု​ဒ​ရှင်​ဘု​ရင်၏ နန်း​တော်​များ​တို့​သည် တော​ဖက်​အ​ရပ်​ကဲ့​သို့ မ​စင်​ကြယ်​ဖြစ်​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​လော့​ဟု မှာ​ထား​တော်​မူ၏။

သင်​သည် အ​မှန်​သေ​လိမ့်​မည်​ဟု၊ လူ​ဆိုး​အား ငါ​ပြော​လျက်​နှင့် သင်​သည် သ​တိ​မ​ပေး၊ လူ​ဆိုး၏ အ​သက်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ လူ​ဆိုး​အား သ​တိ​ပေး​သော​စ​ကား​ကို မ​ပြော​ဘဲ​နေ​လျှင် ထို​လူ​ဆိုး​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။

တစ်​ဖန်​တုံ၊ ဖြောင့်​မတ်​သော​သူ​သည် ဖောက်​ပြန်၍ ဒု​စ​ရိုက်​ကို​ပြု​လျှင်​လည်း​ကောင်း၊ ထိ​မိ၍ လဲ​စ​ရာ​အ​ကြောင်း​ကို သူ့​ရှေ့​မှာ ငါ​ထား​လျှင်​လည်း​ကောင်း သူ​သည် သေ​လိမ့်​မည်။ သင်​သည် သ​တိ​မ​ပေး​သော​ကြောင့်၊ သူ​သည် မိ​မိ​အ​ပြစ်၌ သေ​လိမ့်​မည်။ သူ​ကျင့်​ဖူး​သော တ​ရား​ကို ပ​မာ​ဏ​မ​ပြု​ရ။ သူ၏​အ​သက်​ကို​ကား၊ သင်၌​ငါ​တောင်း​မည်။

မှောင်​မိုက်၌ သင်​တို့​အား ငါ​ပြော​သော​အ​ရာ​များ​ကို သင်​တို့​သည် အ​လင်း၌ ကြား​ပြော​ကြ​လော့။ သင်​တို့​နား​အ​ပါး၌ ပြော၍ ကြား​သော​အ​ရာ​များ​ကို အိမ်​မိုး​ပေါ်​မှာ ဟစ်​ကြော်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

လူ​စု​ဝေး​လျက်​ရှိ​သော​ကြောင့် ကိုယ်​တော်​ရင်း​သို့ မ​ချဉ်း​ကပ်​နိုင်​သ​ဖြင့်၊ ကိုယ်​တော်​ရှိ​ရာ​အ​ပေါ်​မှာ အ​မိုး​ကို ဖောက်​ထွင်း​ပြီး​မှ လူ​နာ​နှင့်​တ​ကွ အိပ်​ရာ​ခု​တင်​ကို လျှော့​ချ​ကြ၏။-

နက်​ဖြန်​နေ့၌ ထို​သူ​တို့​သည် သွား၍ ယု​ပ္ပေ​မြို့​အ​နီး​သို့ ရောက်​ကြ​သော​အ​ခါ၊ နှစ်​ချက်​တီး​အ​ချိန်​တွင် ပေ​တ​ရု​သည် ဆု​တောင်း​ခြင်း​ငှာ အိမ်​မိုး​ပေါ်​သို့ တက်​လေ၏။-

ထို​ကြောင့်၊ ငါ​တို့​သည် ယ​ခု​မှ​စ၍ အ​ချင်း​ချင်း မ​စစ်​ကြော​မ​စီ​ရင်​ဘဲ နေ​ကြ​ကုန်​အံ့။ ညီ​အစ်​ကို​ချင်း ထိ​မိ၍ လဲ​စ​ရာ​အ​ခွင့်၊ မှား​ယွင်း​စ​ရာ​အ​ခွင့် မ​ရှိ​စေ​မည်​အ​ကြောင်း သာ၍ စီ​ရင်​ကြ​ကုန်​အံ့။-

လူ​များ​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​စိမ့်​သော​ငှာ၊ ငါ​သည် ကိုယ်​အ​ကျိုး​ကို​မ​ရှာ​ဘဲ သူ့​အ​ကျိုး​ကို ရှာ၍၊-

သင်​သည် ကောင်း​စား၍ အ​သက်​တာ​ရှည်​မည် အ​ကြောင်း၊ သား​ငယ်​တို့​ကို သိမ်း​ယူ​လျှင်​လည်း အ​မိ​ကို​လွှတ်​လိုက်​ရ​မည်။

စ​ပျစ်​ဥ​ယျာဉ်၌ ခြား​နား​သော မျိုး​စေ့​တို့​ကို ရော​နှော၍ မ​ကြဲ​ရ။ ထို​သို့​ကြဲ​လျှင်၊ မျိုး​စေ့​အ​သီး၊ စ​ပျစ်​ပင် အ​သီး​နှစ်​ပါး​စ​လုံး ပျက်​လိမ့်​မည်။

မေ​တ္တာ​ပါ​ရ​မီ​တိုး​ပွား၍ ပြည့်​စုံ​မည်​အ​ကြောင်း​ကို​လည်း​ကောင်း၊-

မ​ကောင်း​သော​အ​မှု အ​မျိုး​မျိုး​ရှိ​သ​မျှ​ကို ရှောင်​ကြ​လော့။-

ထို​သူ​တို့​သည် မြင့်​သော​အ​ရပ်​မှ​ဆင်း၍ မြို့​ထဲ​သို့​ဝင်​ပြီး​လျှင်၊ ရှ​မွေ​လ​နှင့်​ရှော​လု​တို့​သည် အိမ်​မိုး​ပေါ်​မှာ စ​ကား​ပြော​လျက် နေ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ