Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 22:24

Judson Bible

ထို​သူ​နှစ်​ယောက်​တို့​ကို မြို့​တံ​ခါး​ဝ​သို့ ထုတ်​ဆောင်​ပြီး​လျှင် ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ မိန်း​မ​သည် မြို့​ထဲ​မှာ​ရှိ​လျက်​ပင် မ​အော်​မ​ဟစ်​သော​ကြောင့်​လည်း​ကောင်း၊ ယောက်ျား​လည်း သူ့​မ​ယား​ကို ရှုတ်​ချ​သော​ကြောင့်​လည်း​ကောင်း၊ ထို​သူ​နှစ်​ယောက်​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​က​လည်း၊ ချိန်း​ချက်​သော အ​ချိန်​စေ့​ပါ​ပြီ။ ကျွန်ုပ်​သည် မ​ယား​နှင့်​ဆက်​ဆံ​ဖို့​ရာ​ပေး​စား​ပါ​ဟု လာ​ဗန်​အား​ဆို​လျှင်၊

ငါ​သည်​ထို​သို့​ပြု​မိ​လျှင် အ​ပြစ်​ကြီး၏။ ရာ​ဇ​ဝတ်​ခံ​ထိုက်​သော အ​ပြစ်​ရှိ၏။

မျောက်​မ​ထား​သော မိန်း​မ​နှင့်၊ လူ​အ​သက်​ကို​သတ်​သော မိန်း​မ​တို့​ကို​စီ​ရင်​သ​ကဲ့​သို့ သင့်​ကို​ငါ​စီ​ရင်၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​အ​သွေး​ကို ငါ​တိုက်​မည်။

သူ့​မ​ယား​ကို​ပြစ်​မှား​သော​သူ​သည် မှား​ယွင်း​သော​မိန်း​မ​နှင့်​တ​ကွ အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။

ထို​သို့ ကြံ​စည်၍ နေ​စဉ်​တွင် အိပ်​မက်​ကို​မြင်​ရ​သည်​မှာ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထင်​ရှား၍၊ ဒါ​ဝိဒ်​အ​မျိုး​ယော​သပ်၊ သင်၏​ခင်​ပွန်း​မာ​ရိ​ကို ထိန်း​သိမ်း​ရ​မည်​အ​ခွင့်​ကို မ​စိုး​ရိမ်​နှင့်။ ဤ​ပ​ဋိ​သ​န္ဓေ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကြောင့်​ဖြစ်၏။-

ယော​သပ်​သည် အိပ်​ပျော်​ရာ​မှ​နိုး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန် မှာ​ထား​သည်​အ​တိုင်း​ပြု၍ မိ​မိ​ခင်​ပွန်း​ကို ထိန်း​သိမ်း​လေ၏။-

ပြင်​လူ​တို့​ကို ဘု​ရား​သ​ခင်​စီ​ရင်​တော်​မူ​လိမ့်​မည်။ သို့​ဖြစ်၍ ထို​ဆိုး​ညစ်​သော​သူ​ကို သင်​တို့​အ​ထဲ​မှ နှင်​ထုတ်​ကြ​လော့။

ထို​သို့​ပြု​သော​သူ​ကို သင်​တို့​အ​ထဲ​မှ နှင်​ထုတ်​မည်​အ​ကြောင်း၊ စိတ်​မ​သာ ညည်း​တွား​ခြင်း​ကို​မ​ပြု၊ မာ​န​ထောင်​လွှား​လျက် နေ​ကြ၏။-

ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တ​ပြည်​မှ သင်​တို့​ကို ကယ်​နုတ်​ဆောင်​ယူ​ခဲ့​တော်​မူ​သော သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ လွဲ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​လိုက်​စ​ရာ​ဖို့ မှာ​ထား​တော်​မူ​သော​လမ်း​မှ ထွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း ဟော​ပြော​သော​ကြောင့်၊ ထို​ပ​ရော​ဖက်​ပြု​သူ​နှင့် အိပ်​မက်​မြင်​သူ​တို့​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​မည်။ ထို​သို့ ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ထဲ​က ပယ်​ရှင်း​ရ​ကြ​မည်။

ထို​သူ​ကို အ​သေ​သတ်​စိမ့်​သော​ငှာ၊ သက်​သေ​ခံ​တို့​သည် အ​ဦး​ပြု​ပြီး​မှ၊ လူ​အ​ပေါင်း​တို့​သည် ပြု​ရ​ကြ​မည်။ ထို​သို့​ပြု​လျှင် သင်​တို့​မှ ဒု​စ​ရိုက်​ကို ပယ်​ရ​ကြ​လိမ့်​မည်။

နောက်​တစ်​ဖန် သူ့​ကို​မ​ချစ်​လျှင်၊ သူ့​အ​လို​အ​လျောက် သွား​သော​အ​ခွင့်​ကို ပေး​ရ​မည်။ သူ့​ကို​ရှုတ်​ချ​သော​ကြောင့် ငွေ​နှင့်​မ​ရောင်း​ရ၊ ကျွန်​အ​ရာ၌ မ​ထား​ရ။

အ​ပျို​က​ညာ​ကို ယောက်ျား​နှင့် ထိမ်း​မြား​ဆောင်​နှင်း​ပြီး​မှ၊ အ​ခြား​သော​ယောက်ျား​သည် မြို့​ထဲ​မှာ​တွေ့၍ သင့်​နေ​လျှင်၊

အ​ပျို​ကို ယောက်ျား​နှင့် ထိမ်း​မြား​ဆောင်​နှင်း​ပြီး​မှ အ​ခြား​သော ယောက်ျား​သည် တော၌​တွေ့၍ အ​နိုင်​အ​ထက်​ပြု​လျှင်၊ ထို​ယောက်ျား​တစ်​ယောက်​တည်း​ကို​သာ အ​သေ​သတ်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ