ငါသည် ဤမိန်းမနှင့် ထိမ်းမြားဆက်ဆံသောအခါ၊ ကညာမစစ်ကြောင်းကို သိရပြီဟု ထိုမိန်းမ၌ ကဲ့ရဲ့စရာအကြောင်းကိုပြု၍ သူ့အသရေကိုဖျက်လျှင်၊
ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေကို မခံနှင့်။
သင်သည် မှားသောသတင်းစကားကို မကြားမပြောရ။ မတရားသောသူတို့နှင့် ဝိုင်းညီ၍ မမှန်သောသက်သေကိုမခံရ။
လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကိုအစိုးရ၏။ လျှာကိုနှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။
ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဖွယ်စားဖွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ ဝင်တတ်၏။
လူသည် မယားနှင့်ထိမ်းမြားဆက်ဆံပြီးမှ၊ တစ်ဖန် ထိုမိန်းမကိုမုန်း၍၊
ထိုမိန်းမ၏ မိဘတို့သည် ကညာ၏ လက္ခဏာသက်သေကို ဆောင်လျက်၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊
ငွေတစ်ပိဿာကို လျော်စေ၍၊ မိန်းမ၏အဘအား ပေးရမည်။ အကြောင်းမူကား၊ ဣသရေလအမျိုးကညာ၏အသရေကို ထိုသူဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယားဖြစ်ရမည်။ တစ်သက်လုံး ထိုမိန်းမနှင့်မကွာရ။
ထိုကြောင့်၊ အသက်အရွယ်နုပျိုသော မုဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဖွားခြင်း၊ အိမ်မှုကို ကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူအား မပေးဘဲနေခြင်း အမှုများကို ပြုစေခြင်းငှာ ငါအလိုရှိ၏။-