Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 21:16

Judson Bible

ထို​သူ​သည် မိ​မိ​အ​မွေ​ဥ​စ္စာ​ကို ဝေ​သော​အ​ခါ၊ မုန်း​သော​မ​ယား၏​သား​ဦး​ကို နှိမ့်​ချ၍ ချစ်​သော​မ​ယား၏​သား​ကို သား​ဦး​အ​ရာ၌ မ​ချီး​မြှောက်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​က​လည်း၊ ယ​နေ့​ပင် သင်၏​သား​ဦး​အ​ရာ​ကို၊ ငါ့​အား​ရောင်း​ပါ​ဟု​ဆို​လျှင်၊

မေ​ရာ​ရိ​အ​မျိုး၊ ဟော​သ၏​သား​တို့​တွင် ရှိ​မ​ရိ​သည် သား​ဦး​မ​ဟုတ်​သော်​လည်း၊ အ​ဘ​ခန့်​ထား​သော​ကြောင့် သား​အ​ကြီး​ဖြစ်​သ​တည်း။

ယု​ဒ​သည်​လည်း ညီ​အစ်​ကို​တို့​တွင်​လွန်​ကဲ၍ သူ၏​အ​မျိုး​ထဲ​က မင်း​ဖြစ်​တတ်​သော်​လည်း၊ သား​ဦး​အ​ရာ​ကို​မ​ရ၊ ယော​သပ်​ရ၏။

ခ​မည်း​တော်​သည် များ​စွာ​သော ရွှေ​ငွေ​ဥ​စ္စာ ရ​တ​နာ​နှင့်​တ​ကွ ယု​ဒ​ပြည်၌ ခိုင်​ခံ့​သော​မြို့​တို့​ကို သူ​တို့​အား​ပေး၏။ နိုင်​ငံ​ကို​ကား၊ သား​ဦး​ယ​ဟော​ရံ​အား ပေး၏။

ဘု​ရား​သ​ခင်၏​သား​တော်​သည် အ​များ​သော​ညီ​တို့​တွင် သား​ဦး​ဖြစ်​တော်​မူ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ရှေ့​မ​ဆွ​က​သိ​တော်​မူ​သော သူ​တို့​ကို သား​တော်၏​ပုံ​သ​ဏ္ဌာန်​နှင့် တ​ညီ​တည်း​ဖြစ်​စေ​ခြင်း​ငှာ ရှေ့​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ၏။-

လင်​ချစ်​သော မ​ယား၊ မုန်း​သော မ​ယား​နှစ်​ယောက်​တို့​သည် သား​ကို​ဖွား၍၊ အ​ဦး​ဖွား​သော​သား​သည် မုန်း​သော​မ​ယား၏​သား​ဖြစ်​လျှင်၊

မုန်း​သော​မ​ယား၏​သား​သည် သား​ဦး​ဖြစ်​သည်​ဟု ဝန်​ခံ၍၊ နှစ်​ဆ​သော အ​မွေ​ဥ​စ္စာ​ကို သူ့​အား​ပေး​ရ​မည်။ အ​ကြောင်း​မူ​ကား၊ ထို​သား​သည်​အ​ဘ၏ ခွန်​အား​အ​စ​ဦး​ဖြစ်၏။ သား​ဦး​အ​ရိုက်​အ​ရာ​နှင့် ဆိုင်​ပေ၏။

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​မ္မာ​တ​ရား​နှင့် ဆိုင်​သော​အ​ကျင့်၊ လျောက်​ပတ်​သော အ​ကျင့်၊ ဖြောင့်​မတ်​သော အ​ကျင့်၊ စင်​ကြယ်​သော အ​ကျင့်၊ သူ​တ​ပါး​နှစ်​သက်​ဖွယ်​သော အ​ကျင့်၊ ချီး​မွမ်း​ဖွယ်​သော​အ​ကျင့် ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ပါ​ရ​မီ​တစ်​ပါး​ပါး၊ ကောင်း​သော သ​တင်း​တစ်​ပါး​ပါး​နှင့် ဆိုင်​သော​အ​ကျင့်​တို့​ကို​လည်း​ကောင်း၊ နှ​လုံး​သွင်း​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ