လင်ချစ်သော မယား၊ မုန်းသော မယားနှစ်ယောက်တို့သည် သားကိုဖွား၍၊ အဦးဖွားသောသားသည် မုန်းသောမယား၏သားဖြစ်လျှင်၊
ယာကုပ်သည် ရာခေလကိုချစ်သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီးအငယ်ရာခေလကိုရခြင်းငှာ၊ ခုနစ်နှစ်အစေခံပါမည်ဟုဆိုလျှင်၊
ယာကုပ်သည်လည်း၊ ရာခေလကိုရခြင်းငှာ ခုနစ်နှစ်အစေခံလေ၏။ ရာခေလကိုချစ်သောကြောင့်၊ ခုနစ်နှစ်ကို နည်းသောနေ့ရက်ကဲ့သို့ထင်မှတ်သတည်း။
တစ်ဖန်ပဋိသန္ဓေယူပြန်၍ သားကိုဖွားမြင်သော်၊ ငါသည်အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသောကြောင့်၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟုဆိုပြီးလျှင်၊ ထိုသားကို ရှိမောင်အမည်ဖြင့်မှည့်လေ၏။
မာခါ၏သား အဘိယကို ရှင်ဘုရင်အရာ၌ ခန့်ထားမည်အကြံရှိ၍၊ ညီအစ်ကိုတို့တွင်၊ အကြီးဆုံးဖြစ်စေခြင်းငှာ ချီးမြှောက်လေ၏။
ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏သားကို သားဦးအရာ၌ မချီးမြှောက်ရ။
ထိုသူသည် မယားနှစ်ယောက်ရှိ၏။ တစ်ယောက်ကား၊ ဟန္န၊ တစ်ယောက်ကား ပေနိန္နအမည် ရှိ၏။ ပေနိန္န၌ သားသမီးရှိ၏။ ဟန္န၌မရှိ။