Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 20:5

Judson Bible

ဗိုလ်​တို့​က​လည်း၊ အိမ်​သစ်​ကို​ဆောက်၍ ဘု​ရား​သ​ခင်၌ မ​အပ်​ရ​သေး​သော​သူ​ရှိ​လျှင်၊ မိ​မိ​အိမ်​သို့​ပြန်၍ အပ်​ပါ​လေ​စေ။ သို့​မ​ဟုတ် စစ်​တိုက်​ရာ​တွင်​သေ၍ အ​ခြား​သော​သူ​သည် ထို​အိမ်​ကို​အပ်​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို အ​နု​မော​ဒ​နာ​ပြု​သော​အ​ခါ၊ ခွက်​ကွင်း၊ စောင်း၊ တ​ယော​နှင့်​တီး​မှုတ်​လျက် သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​ခြင်း၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ အ​နု​မော​ဒ​နာ​ပြု​အံ့​သော​ငှာ လေ​ဝိ​သား​တို့​ကို​ရှာ၍ သူ​တို့​နေ​ရာ အ​ရပ်​ရပ်​တို့​က ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​ကြ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ပါ​မည်။ အ​ကျွန်ုပ်​ကို ဆယ်​နုတ်​တော်​မူ၏။ ရန်​သူ​တို့​သည် အ​ကျွန်ုပ်​အ​ကြောင်း​ကြောင့်၊ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။

မော​ရှေ​သည် စစ်​တိုက်​ရာ​မှ​ပြန်​လာ​သော တပ်​မှူး​များ၊ ဗိုလ်​မင်း​များ​တို့​ကို အ​မျက်​ထွက်၍၊

လူ​တစ်​ရာ၊ တစ်​ထောင်​ကို​အုပ်​သော​တပ်​မှူး​များ၊ ဗိုလ်​များ​တို့​သည်​လည်း၊ မော​ရှေ​ထံ​သို့​ချဉ်း​ကပ်၍၊

ထို​ကြောင့် သင်​တို့​အ​မျိုး​များ၌ အ​သ​ရေ​ရှိ​သော​လူ​ကြီး၊ ပ​ညာ​ရှိ​တို့​ကို ငါ​ရွေး​ချယ်​ပြီး​လျှင်၊ သင်​တို့​တွင် မင်း​လုပ်​ရ​သော​သူ​တည်း​ဟူ​သော လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်၊ အ​ကြပ်​အ​ဆော်​အ​ရာ၌ ခန့်​ထား၏။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​မြို့ ရှိ​သ​မျှ​တို့​တွင်၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​တို့​ကို သင့်​နေ​ရာ​ခ​ရိုင်​များ၌ အ​နှံ့​အ​ပြား​ခန့်​ထား​ရ​မည်။ သူ​တို့​သည်၊ လူ​မျိုး​တို့​တွင် တ​ရား​မှု​ကို တ​ရား​သ​ဖြင့် စီ​ရင်​ရ​ကြ​မည်။

စ​ပျစ်​ဥ​ယျာဉ်​ကို​စိုက်၍ စ​ပျစ်​သီး​ကို မ​စား​ရ​သေး​သော​သူ​ရှိ​လျှင်၊ မိ​မိ​အိမ်​သို့ ပြန်​သွား​ပါ​လေ​စေ။ သို့​မ​ဟုတ် စစ်​တိုက်​ရာ​တွင်​သေ၍ အ​ခြား​သော​သူ​သည် ထို​စ​ပျစ်​သီး​ကို စား​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။

ဤ​ဒိန်​ခဲ​ဆယ်​လုံး​ကို​လည်း ယူ၍ သူ​တို့​တပ်​မှူး​အား​ဆက်​လော့။ သင့်​အစ်​ကို​တို့​သည် ကျန်း​မာ​ခြင်း ရှိ​သည်​မ​ရှိ​သည်​ကို ကြည့်​ရှု​ပြီး​မှ၊ သူ​တို့​ထံ​မှာ သက်​သေ​တစ်​စုံ​တစ်​ခု​ကို ခံ​ယူ​လော့​ဟု မှာ​လိုက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ