Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 20:15

Judson Bible

ဤ​လူ​မျိုး​နေ​သော မြို့​မှ​တစ်​ပါး သင်​နှင့်​ဝေး​သော မြို့​ရှိ​သ​မျှ​တို့​အား ထို​သို့​ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

5 ပူးပေါင်းရင်းမြစ်များ  

ကျင့်​သော​သူ၌ အ​သက်​ရှင်​စ​ရာ​အ​ကြောင်း​ဖြစ်​သော ငါ၏​စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို ငါ​ဖော်​ပြ၏။

မိန်း​မ၊ သူ​ငယ်၊ တိ​ရ​စ္ဆာန်​အ​စ​ရှိ​သော မြို့၌​တွေ့​သော ဥ​စ္စာ​ရှိ​သ​မျှ​ကို ကိုယ်​ဖို့​သိမ်း၍၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော သင်၏​ရန်​သူ​လက်​မှ​ရ​သော ဥ​စ္စာ​ကို​စား​ရ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့၊ ဤ​လူ​မျိုး​နေ​ရာ​မြို့​တို့၌ အ​သက်​ရှူ​သော လူ​သ​တ္တ​ဝါ​တစ်​စုံ​တစ်​ယောက်​ကို​မျှ အ​သက်​မ​ရှင်​စေ​ရ။

သူ​တို့​က​လည်း၊ ဤ​ပြည်​တစ်​လျှောက်​လုံး​ကို သင်​တို့​အား​ပေး၍၊ ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို သင်​တို့​ရှေ့​မှ ပယ်​ရှင်း​ခြင်း​ငှာ၊ ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန်​မော​ရှေ​အား မှာ​ထား​တော်​မူ​ကြောင်း​ကို ကိုယ်​တော်​ကျွန်​တို့​သည် ဆက်​ဆက်​ကြား​သိ၍၊ သင်​တို့​လက်၌ အ​သက်​ဆုံး​မည်​ကို အ​လွန်​ကြောက်​သော​ကြောင့်၊ ဤ​အ​မှု​ကို ပြု​ပါ​ပြီ။

သူ​တို့​က၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကြောင့် ကိုယ်​တော်​ကျွန်​တို့​သည် အ​လွန်​ဝေး​သော​ပြည်​က လာ​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏ သ​တင်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ