ထိုမြို့သည် စစ်ငြိမ်းရာစကားပြေကို ပြန်ပြော၍ မြို့တံခါးကို ဖွင့်ထားလျှင်၊ ထိုမြို့၌ရှိသောသူ အပေါင်းတို့သည် သင့်အားအခွန်ပေး၍ သင့်အမှုကိုထမ်းရကြမည်။
ရှောလမုန်ကို ခမည်းတော်အရာ၌ ဘိသိက်ပေးကြောင်းကို တုရုမင်းကြီးဟိရံသည် ကြားလျှင်၊ ဒါဝိဒ်နှင့်အစဉ် မိတ်ဆွေဖွဲ့သောသူဖြစ်၍၊ မိမိကျွန်တို့ကို စေလွှတ်လေ၏။
မသတ်ပါနှင့်။ ဓားနှင့်ခုတ်လျက်၊ လေးနှင့်ပစ်လျက် စစ်တိုက်၍ ဖမ်းမိသောသူတို့ကို သတ်ရမည်လော။ သူတို့ရှေ့မှာ မုန့်နှင့်ရေကိုထည့်၍ သူတို့သည် စားသောက်ပြီးမှ၊ မိမိတို့သခင်ထံသို့ သွားပါစေဟုဆိုလျှင်၊
ငါသည် ငြိမ်သက်ခြင်းဘက်မှာ နေ၏။ ငါပြောလျှင်မူကား၊ သူတို့သည် စစ်တိုက်ခြင်းငှာ အလိုရှိကြ၏။
ပြည်သားအချို့သည် ထိုအမတ်ကို မနာလို၍၊ ထိုသူ၏ အအုပ်အချုပ်ကို ငါတို့မခံလိုပါဟု တမန်ကို သူ့နောက်သို့ စေလွှတ်ကြ၏။-
သင်သည် မြို့တစ်စုံတစ်မြို့ကို တိုက်ခြင်းငှာ ချဉ်းသောအခါ၊ စစ်ငြိမ်းမည်အကြောင်းကို ဟစ်ကြော်ရမည်။
သို့မဟုတ် စကားပြေမပြောဘဲ သင့်ကိုစစ်တိုက်လျှင်၊ ထိုမြို့ကိုဝိုင်းထား၍၊
ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။
ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌တည်သော ယဇ်ပလ္လင်တော်အဖို့နှင့် ပရိသတ်တော်အဖို့ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ်၍ရေခပ်ရမည်အကြောင်း၊ ထိုနေ့၌ စီရင်လေ၏။
သူတို့က အကျွန်ုပ်တို့သည် ကိုယ်တော်ကျွန်ဖြစ်ပါ၏ဟု ယောရှုအား လျှောက်ဆိုကြ၏။ ယောရှုကလည်း၊ သင်တို့သည် အဘယ်သို့သောသူနည်း။ အဘယ်အရပ်က လာကြသနည်းဟုမေးလျှင်၊
သူတို့က၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရား၏နာမတော်ကြောင့် ကိုယ်တော်ကျွန်တို့သည် အလွန်ဝေးသောပြည်က လာပါပြီ။ ထာဝရဘုရား၏ သတင်းတော်ကိုလည်းကောင်း၊ အဲဂုတ္တုပြည်၌ ပြုတော်မူသမျှကိုလည်းကောင်း၊
တစ်ဖန် ဣသရေလအမျိုးသားတို့သည် အားကြီးသောအခါ၊ ခါနနိလူတို့ကို မနှင်ထုတ်သော်လည်း အခွန်ကိုဆက်သွင်းစေကြ၏။