တရားဟော 2:34Judson Bibleထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တစ်ယောက်မျှမကြွင်းစေခြင်းငှာ ရှင်းရှင်းဖျက်ဆီးကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ချိုင့်ထဲအရပ်၊ စမ်းရေတွင်းအရပ် ရှိသမျှတို့နှင့်တကွ မင်းကြီးအပေါင်းတို့ကို လုပ်ကြံ၍၊ အသက်ရှင်သောသူတစ်ယောက်မျှ မကျန်ကြွင်းရဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။
သူတို့ကလည်း၊ ဤပြည်တစ်လျှောက်လုံးကို သင်တို့အားပေး၍၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့မှ ပယ်ရှင်းခြင်းငှာ၊ ကိုယ်တော်၏ဘုရားသခင်ထာဝရဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန်ကြောက်သောကြောင့်၊ ဤအမှုကို ပြုပါပြီ။