Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 2:23

Judson Bible

ထို​အ​တူ၊ ဟာ​ဇ​ရိမ်​မြို့​မှ​စ၍ အ​ဇ္ဇာ​မြို့​တိုင်​အောင်​နေ​ဖူး​သော အာ​ဝိမ်​လူ​တို့​ကို၊ က​တ္တော​ရ​မြို့​မှ​ထွက်​သော က​တ္တော​ရိမ်​လူ​တို့​သည် ဖျက်​ဆီး၍ သူ​တို့​နေ​ရာ၌​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ပါ​သ​ရု​သိမ်​လူ၊ ကာ​သ​လု​ဟိမ်​လူ၊ က​တ္တော​ရိမ်​လူ​တည်း။ ကာ​သ​လု​ဟိမ်​အ​မျိုး​ထဲ​က ဖိ​လိ​တ္တိ​လူ​ဖြစ်​သ​တည်း။

ခါ​နာန်​အ​မျိုး​သား​နေ​ရာ​ပြည်​နယ်​သည် ဇိ​ဒုန်​မြို့​မှ ဂေ​ရာ​မြို့၊ ဂါ​ဇ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ တစ်​ဖန်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​ကို​လွန်၍ လာ​ရှ​မြို့​တိုင်​အောင်​လည်း​ကောင်း ရှိ​သ​တည်း။

ရှော​လ​မုန်​သည် မြစ်​ကြီး​အ​နောက်​ဘက်၊ တိ​ဖ​သ​မြို့​မှ​အ​ဇ္ဇာ​မြို့​တိုင်​အောင် ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သ​ဖြင့် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ စစ်​မှု​စစ်​ရေး​မ​ရှိ။

ဖိ​လိ​တ္တိ​လူ​တို့​ကို​တိုက်၍ ဂါ​ဇ​မြို့​နယ်​တိုင်​အောင် ခိုင်​ခံ့​သော​မြို့​များ​နှင့် ကင်း​စောင့်​သော မျှော်​စင်​များ​ကို လုပ်​ကြံ​လေ၏။

ပါ​သ​ရု​သိမ်​လူ၊ ကာ​သ​လု​ဟိမ်​လူ၊ က​တ္တော​ရိမ်​လူ​တည်း။ ကာ​သ​လု​ဟိမ်​အ​မျိုး​ထဲ​က ဖိ​လိ​တ္တိ​လူ​ဖြစ်​သ​တည်း။

ဥ​ဇ​မင်း​အ​ပေါင်း၊ ဖိ​လိ​တ္တိ​မင်း​အ​ပေါင်း၊ အာ​ရှ​ကေ​လုန်​ပြည်​သား၊ ဂါ​ဇ​ပြည်​သား၊ ဧ​ကြုန်​ပြည်​သား၊ ကျန်​ကြွင်း​သော အာ​ဇုတ်​ပြည်​သား၊

အ​ကြောင်း​မူ​ကား၊ ဖိ​လိ​တ္တိ​အ​မျိုး​သား​တို့​ကို ဖျက်​ဆီး​ရ​သော​နေ့၊ တု​ရု​မြို့၊ ဇိ​ဒုန်​မြို့​ကို စစ်​ကူ​နိုင်​သော​သူ​အ​ကျန်​အ​ကြွင်း​ရှိ​သ​မျှ​ကို ပယ်​ဖြတ်​ရ​သော​နေ့​သည်​ရောက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဖိ​လိ​တ္တိ​အ​မျိုး​သား​နှင့် ကျန်​ကြွင်း​သော က​တ္တော​ရ​ပြည်​သား​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​မည်။

အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ၌ ကု​ရှ​အ​မျိုး​သား​ကဲ့​သို့ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သ​ကဲ့​သို့၊ ဖိ​လိ​တ္တိ​လူ​တို့​ကို က​တ္တော​ရ​ပြည်​မှ​လည်း​ကောင်း၊ ရှု​ရိ​လူ​တို့​ကို ကိ​ရ​ပြည်​မှ​လည်း​ကောင်း ငါ​နုတ်​ဆောင်​ပြီ​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ကယ်​စင်​စစ် ဂါ​ဇ​မြို့​သည် စွန့်​ပစ်​ရာ၊ အာ​ရှ​ကေ​လုန်​မြို့​သည် သုတ်​သင်​ပယ်​ရှင်း​ရာ ဖြစ်​လိမ့်​မည်။ အာ​ဇုတ်​မြို့​သား​တို့​ကို မွန်း​တည့်​အ​ချိန်၌ နှင်​ထုတ်၍၊ ဧ​ကြုန်​မြို့​ကို​လည်း ဖြို​ဖျက်​ကြ​လိမ့်​မည်။

ထို​အ​မှု​ကို အာ​ရှ​ကေ​လုန်​မြို့​သည်​မြင်၍ ကြောက်​လိမ့်​မည်။ ဂါ​ဇ​မြို့​သည် မြင်၍ အ​လွန် တုန်​လှုပ်​လိမ့်​မည်။ ဧ​ကြုန်​မြို့​လည်း မျှော်​လင့်၍ အ​ရှက်​ကွဲ​သော​ကြောင့် ထို​အ​တူ​ဖြစ်​လိမ့်​မည်။ ဂါ​ဇ​မင်း​ကြီး​သည် ဆုံး​လိမ့်​မည်။ အာ​ရှ​ကေ​လုန်​မြို့​သည်​လည်း အ​စိုး​မ​ရ။

ဘု​ရား​သ​ခင်​သည် မြေ​တစ်​ပြင်​လုံး၌ နေ​ရ​သော လူ​အ​မျိုး​မျိုး​တို့​ကို တစ်​သွေး​တည်း​နှင့် ဖန်​ဆင်း​တော်​မူ၍၊ သူ​တို့​အား ခွဲ​ဝေ​စီ​မံ​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ သူ​တို့၏ နေ​ရာ​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း မှတ်​သား​တော်​မူ၏။-

ကာ​ဒေ​ရှ​ဗာ​နာ​မြို့​မှ​စ၍ ဂါ​ဇ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ ဂေါ​ရှင်​ပြည်​တစ်​လျှောက်​လုံး​နှင့်​တ​ကွ၊ ဂိ​ဗောင်​မြို့​တိုင်​အောင်​လည်း​ကောင်း လုပ်​ကြံ၍၊

ဂါ​ဇ​မြို့၊ ဂါ​သ​မြို့၊ အာ​ဇုတ်​မြို့​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​တိုင်း​နိုင်​ငံ​တွင် ကျန်​ကြွင်း​သော အာ​န​က​လူ တစ်​ယောက်​မျှ​မ​ရှိ။

အဲ​ဂု​တ္တု​ပြည်​အ​ရှေ့၊ ရှိ​ဟော​ရ​မြစ်​မှ​စ၍ မြောက်​မျက်​နှာ၌ ဧ​ကြုန်​မြို့​နယ်​တိုင်​အောင်၊ ခါ​န​နိ​လူ​နေ​သော​ပြည်၊ ဖိ​လိ​တ္တိ​မင်း​ငါး​ပါး​တည်း​ဟူ​သော ဂါ​ဇ​သိ​လူ၊ အာ​ဇော​တိ​လူ၊ ဧ​ရှ​က​လော​နိ​လူ၊ ဂိ​တ္တိ​လူ၊ ဧ​ကြော​နိ​လူ​နှင့်​တ​ကွ၊ အာ​ဝိ​လူ​နေ​သော​ပြည်၊

အာ​ဇုတ်​မြို့​နှင့် သူ​ဆိုင်​သော မြို့​ရွာ​များ၊ အဲ​ဂု​တ္တု​မြစ်၊ ပင်​လယ်​ကြီး၊ ပင်​လယ်​ကမ်း​ပါး​တိုင်​အောင်၊ ဂါ​ဇ​မြို့​နှင့် သူ​ဆိုင်​သော မြို့​ရွာ​များ၊

ယု​ဒ​သည် ဂါ​ဇ​မြို့​နှင့် မြို့​နယ်၊ အာ​ရှ​ကေ​လုန်​မြို့​နှင့် မြို့​နယ်၊ ဧ​ကြုန်​မြို့​နှင့် မြို့​နယ်​တို့​ကို​လည်း တိုက်​ယူ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ