Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 2:21

Judson Bible

ထို​လူ​မျိုး​သည် အာ​န​က​အ​မျိုး​သား​ကဲ့​သို့ ကြီး​မြင့်​များ​ပြား​သော​လူ ဖြစ်​ကြ၏။ သို့​သော်​လည်း စိ​ရ​ပြည်၌​နေ​သော ဧ​သော​အ​မျိုး​သား​ရှေ့​မှာ ဟော​ရိ​လူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ဖျက်​ဆီး​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ၌ ဧ​သော​အ​မျိုး​သား​တို့​သည် ယ​နေ့​တိုင်​အောင်​နေ​ကြ​သ​ကဲ့​သို့၊ အ​မ္မုန်​အ​မျိုး​သား​တို့​ရှေ့​မှာ ဇံ​ဇု​မ္မိမ်​လူ​တို့​ကို သုတ်​သင်​ပယ်​ရှင်း​တော်​မူ​သ​ဖြ​င့်၊ သူ​တို့​နေ​ရာ၌ အ​မ္မုန်​အ​မျိုး​သား​တို့​သည် နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​သည် အ​ဘယ်​သို့​သွား​ရ​မည်​နည်း။ ညီ​အစ်​ကို​တို့​က၊ ထို​ပြည်​သား​တို့​သည် ငါ​တို့​ထက်​သာ၍​ကြီး၏။ အ​ရပ်​လည်း​သာ၍​မြင့်၏။ မြို့​လည်း မိုး​ကောင်း​ကင်​သို့​ထိ​သော မြို့​ရိုး​လည်း​ရှိ၏။ ထို​ပြည်၌​လည်း၊ အာ​န​က​အ​မျိုး​သား​တို့​ကို မြင်​ရ၏​ဟု ငါ​တို့​စိတ်​ကို​ဖျက်​ကြ​ပြီ​ဟု သင်​တို့​သည် တဲ​များ၌​ဆန့်​ကျင်​ဘက်​ပြု​ကြ၏။

ထို​ပြည်​ကို​လည်း၊ အ​လွန်​ကြီး​မား​သော သူ​တို့၏​နေ​ရာ​ဖြစ်​သည်​ဟု လူ​များ​ထင်​မှတ်​ကြ၏။ ရှေး​ကာ​လ၌ ထို​သို့​သော​လူ​တို့​သည် နေ​ကြ၏။ သူ​တို့​ကို အ​မ္မုန်​ပြည်​သား​တို့​သည် ဇံ​ဇု​မ္မိမ်​ဟူ၍ ခေါ်​ကြ၏။

အ​လွန်​ကြီး​မား​သော​လူ​မျိုး​မှ ဆင်း​သက်​သော ဗာ​ရှန်​ရှင်​ဘု​ရင် ဩ​ဃ​တစ်​ယောက်​တည်း​သာ ကျန်​ကြွင်း၏။ လူ​အ​တောင်​အား​ဖြင့် အ​လျား​ကိုး​တောင်၊ အ​နံ​လေး​တောင်​ရှိ​သော သူ၏​သံ​ခု​တင်​သည် အ​မ္မုန်​ပြည်၊ ရ​ဗ္ဗတ်​မြို့၌​ရှိ​သည်​မ​ဟုတ်​လော။

သင်၏​ဘု​ရား ခေ​မု​ရှ​အ​ပိုင်​ပေး​သော​မြေ​ကို သင်​သိမ်း​ယူ​ရ​သည် မ​ဟုတ်​လော။ ထို​အ​တူ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား နှင်​ထုတ်​တော်​မူ​သော သူ​တို့၏​မြေ​ကို ငါ​တို့​သည်​သိမ်း​ယူ​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ