တရားသူကြီးတို့သည် စေ့စေ့စစ်ကြော၍ ထိုသက်သေခံသောသူသည် မိမိအဖော်တစ်ဖက်၌ မမှန်သောသက်သေကိုခံပြီးလျှင်၊
ငါ့ကျွန်ကိုငါခေါ်သောအခါ သူသည်မထူး၊ သူ့ကိုနှုတ်ဆက်၍ တောင်းပန်ရ၏။
မမှန်သောသက်သေကိုခံသောသူတို့နှင့် ညှဉ်းဆဲခြင်းငှာ၊ ပြင်းစွာအသက်ရှူသော သူတို့သည် အကျွန်ုပ်တစ်ဖက်၌ ထကြသည်ဖြစ်၍၊ ရန်သူတို့အလိုသို့ အကျွန်ုပ်ကို အပ်နှံတော်မမူပါနှင့်။
ထိုနောက်၊ ဒံယေလ၌ အပြစ်တင်သော သူတို့ကို ရှင်ဘုရင်၏အမိန့်တော်နှင့် ခေါ်၍၊ သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲသို့ ချပစ်ကြလျှင်၊ မြေသို့မရောက်မီ ခြင်္သေ့တို့သည်နိုင်၍ သူတို့ အရိုးရှိသမျှတို့ကို ချိုးဖဲ့ကြ၏။
သတင်းကြားသည်အတိုင်း ထင်ရှားစွာ ဧကန်မှန်၍၊ ထိုသို့သော စက်ဆုပ်ဖွယ်အမှုကို သင်တို့တွင် အမှန်ပြုမိလျှင်၊
သင်သည် သတင်းကြား၍ စေ့စေ့မေးမြန်းသောအခါ၊ ဣသရေလအမျိုး၌ ထိုစက်ဆုပ်ရွံရှာဖွယ်သောအမှုကို ပြုမိသည်မှန်လျှင်၊
လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူကို အပြစ်လွတ်စေခြင်းငှာလည်းကောင်း၊ ဆိုးသောသူကို အရှုံးခံစေခြင်းငှာလည်းကောင်း စီရင်ရမည်။