Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 19:17

Judson Bible

တ​ရား​တွေ့​သော​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်​သို့​လည်း​ကောင်း၊ ထို​ကာ​လ၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ်၊ တ​ရား​သူ​ကြီး​ရှေ့​သို့​လည်း​ကောင်း​လာ​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

သ​ခင်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်​သို့​လည်း​ကောင်း၊ အိမ်​တံ​ခါး​တိုင်​သို့​လည်း​ကောင်း ဆောင်​ယူ၍၊ နား​ရွက်​ကို စူး​ဖြင့်​ဖောက်​ပြီး​မှ၊ ထို​ကျွန်​သည် အ​စဉ်​အ​မြဲ​ကျွန်​ခံ​ရ​မည်။

သူ​ခိုး​ကို​မ​တွေ့​လျှင်၊ အိမ်​ရှင်​သည် မိ​မိ​အိမ်​နီး​ချင်း​ဥ​စ္စာ​ကို ယူ​သ​လော၊ မ​ယူ​လော​ဟု ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စစ်​ခံ​ရ​မည်။

တ​ရား​တွေ့​မှု​ကို စီ​ရင်​လျှင်၊ ငါ၏​ဓ​မ္မ​သတ်​အ​တိုင်း စီ​ရင်​ရ​ကြ​မည်။ ငါ၏​ဓ​မ္မ​ပွဲ​တို့​ကို ဆောင်​ရွက်​လျှင်၊ ငါ​စီ​ရင်​ထုံး​ဖွဲ့​ချက် တို့​ကို​လည်း​ကောင်း၊ ငါ၏​ဥ​ပုသ်​နေ့​တို့​ကို​လည်း​ကောင်း စောင့်​ရှောက်​ရ​ကြ​မည်။

ယဇ်​ပု​ရော​ဟိတ်၏​နှုတ်​ခမ်း​သည် ပ​ညာ​ကို​စောင့်​ရ​မည်။ သူ၏​နှုတ်၌ လူ​တို့​သည် တ​ရား​တော်​ကို​ရှာ​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော တ​မန်​ဖြစ်၏။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​မြို့ ရှိ​သ​မျှ​တို့​တွင်၊ တ​ရား​သူ​ကြီး၊ အ​ရာ​ရှိ​တို့​ကို သင့်​နေ​ရာ​ခ​ရိုင်​များ၌ အ​နှံ့​အ​ပြား​ခန့်​ထား​ရ​မည်။ သူ​တို့​သည်၊ လူ​မျိုး​တို့​တွင် တ​ရား​မှု​ကို တ​ရား​သ​ဖြင့် စီ​ရင်​ရ​ကြ​မည်။

ထို​ကာ​လ​အ​ခါ တ​ရား​သူ​ကြီး​လုပ်​သော​သူ၊ ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​တို့​ရှေ့​မှာ အ​စီ​ရင်​ခံ​ရ​မည်။ သူ​တို့​သည်​လည်း စီ​ရင်​ချက်​ကို ဖော်​ပြ​ရ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​မှု​တော်​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ကောင်း​ချီး​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း ရွေး​ချယ်​တော်​မူ​သော လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​တို့​သည် ချဉ်း၍ တ​ရား​တွေ့​ခြင်း​အ​မှု၊ ရိုက်​ပုတ်​ခြင်း​အ​မှု ရှိ​သ​မျှ​တို့​ကို စီ​ရင်​ဆုံး​ဖြတ်​ရ​ကြ​မည်။

လူ​ချင်း​အ​မှု​ရှိ၍ မင်း​ထံ၌ အ​စီ​ရင်​ခံ​လျက်၊ မင်း​ရှေ့​မှာ တ​ရား​တွေ့​ကြ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​သူ​ကို အ​ရှုံး​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ