Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 18:6

Judson Bible

ဣ​သ​ရေ​လ​မြို့​ရွာ​တို့၌ တည်း​ခို​သော လေ​ဝိ​သား​တစ်​စုံ​တစ်​ယောက်​သည်၊ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​ကို ကြည်​ညို​သော​စိတ်​အား​ကြီး၍ ရောက်​လာ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အို​ထာ​ဝ​ရ​ဘု​ရား၊ အိမ်​တော်​တည်​ရာ​ကို​လည်း​ကောင်း၊ ဘုန်း​တော်​ထင်​ရှား​သော အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း အ​ကျွန်ုပ်​နှစ်​သက်​ပါ၏။

ထာ​ဝ​ရ​ဘု​ရား၏​တင့်​တယ်​ခြင်း အ​သ​ရေ​တော်​ကို ဖူး​မြင်၍၊ ဗိ​မာန်​တော်၌​မွေ့​လျော်​ခြင်း​အ​လို​ငှာ၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​မှာ တစ်​သက်​လုံး​နေ​ရ​မည်​အ​ကြောင်း​တည်း​ဟူ​သော အ​ခွင့်​တစ်​ခု​ကို ထာ​ဝ​ရ​ဘု​ရား၌ ငါ​ဆု​တောင်း​ပြီ။ ထို​အ​ခွင့်​ကို ရှာ​ရ​ဦး​မည်။

တံ​တိုင်း​တော်​တို့​အ​တွင်း၌ နေ​သော​တစ်​ရက်​သည် အ​ခြား​အ​ရပ်၌​နေ​သော အ​ရက်​တစ်​ထောင်​ထက် သာ၍​ကောင်း​ပါ၏။ မ​တ​ရား​သော​သူ၏​နေ​ရာ၌ နေ​ရ​သော​အ​ခွင့်​ထက်၊ အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင့်​အိမ်​တော်၌ တံ​ခါး​စောင့်​အ​ရာ​ကို အ​ကျွန်ုပ်​သာ၍ နှစ်​သက်​ပါ၏။

ကိုယ်​တော်​ကို အား​ပြု​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။ ထို​သို့​သော​သူ​တို့​သည် လမ်း​ခ​ရီး​တော်​တို့​ကို နှ​လုံး​သွင်း​တတ်​ကြ​ပါ၏။

မြို့​ပြင်၊ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်​အ​ရပ်​လေး​မျက်​နှာ၌ နှစ်​ထောင်​စီ​တိုင်း​ထွာ၍၊ ထို​မြေ​အ​လယ်​ချက်၌ မြို့​တည်​ရ​မည်။ ဤ​ရွေ့​ကား၊ မြို့​နယ်​အ​တိုင်း အ​ရှည်​ဖြစ်​ရ​သ​တည်း။

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

သင်​တို့​အ​မျိုး​တစ်​မျိုး​တွင် ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ငါ​မှာ​ထား​သ​မျှ​တို့​ကို ပြု​ရ​ကြ​မည်။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​တွင် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို ရှာ၍​လာ​ရ​ကြ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ နေ​ရာ​ရ​သော ညီ​အစ်​ကို လေ​ဝိ​သား​အ​ပေါင်း​တို့​နည်း​တူ သူ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် အ​မှု​တော်​ကို ဆောင်​ရွက်​ရ​မည်။

သင်း​အုပ်​အ​ရာ​ကို တောင့်​တ​သော​သူ​သည် ကောင်း​သော အ​မှု​အ​ရာ​ကို တောင့်​တ​သည်​ဟူ​သော စ​ကား​သည် မှန်​သော​စ​ကား​ဖြစ်၏။-

သင်​တို့​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ သိုး​တော်​စု​ကို ထိန်း​ခြင်း​အ​မှု​မှာ၊ အ​နိုင်​ထိန်း​ရ​သော​ကြောင့် မ​ဟုတ်၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​ကြောင့် မ​ဟုတ်​ဘဲ၊ အ​လို​လို​စေ​တ​နာ​စိတ်​ရှိ၍ ကြည့်​ရှု​အုပ်​ထိန်း​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ