Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 18:5

Judson Bible

အ​ကြောင်း​မူ​ကား၊ သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် အ​မှု​တော်​ကို အ​စဉ်​ဆောင်​ရွက်​စေ​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​အ​မျိုး​အ​နွယ်​အ​ပေါင်း​တို့​တွင် သူ့​ကို​ရွေး​ကောက်​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ခါး​ပန်း​ကို​လည်း​စည်း၍၊ ဦး​ထုပ်​ကို​လည်း​ဆောင်း​စေ​ပြီး​လျှင်၊ သူ​တို့​သည် ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​ဆိုင်​ရ​မည်။ ထို​သို့ အာ​ရုန်​နှင့်​သူ၏​သား​တို့​ကို၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​ရ​မည်။

တစ်​ဖန် မော​ရှေ​က၊ အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​လူ ဖြစ်​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ သန့်​ရှင်း​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​သူ​ကို ချဉ်း​ကပ်​စေ​မည်​ကို​လည်း​ကောင်း၊ နက်​ဖြန်​နေ့၌ ထာ​ဝ​ရ​ဘု​ရား​ပြ​တော်​မူ​မည်။ ရွေး​ကောက်​တော်​မူ​သော​သူ​ကို​လည်း အ​နီး​အ​ပါး​သို့ ချဉ်း​ကပ်​စေ​တော်​မူ​မည်။

သူ​သည် မိ​မိ​ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သော​ကြောင့်၊ သူ​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် ထို​ပ​ဋိ​ညာဉ်​တည်း​ဟူ​သော ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့်​ဆိုင်​သော ပ​ဋိ​ညာဉ်​ကို​ရ​ပြီ​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​လည်း ခန့်​ထား၏။ သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​စောင့်​ရ​ကြ​မည်။ သူ၏​အ​မျိုး​မှ​တစ်​ပါး အ​ခြား​သော​သူ​သည် ချဉ်း​ကပ်​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​သ​ရုတ်​အ​ရပ်​မှ ခ​ရီး​သွား၍၊ ဗင်္ယာ​ကန်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​ဂိဒ်​ဂဒ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ချောင်း​မြစ်​များ​ရာ ယု​ပ္ဘာ​သ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ ခ​ရီး​သွား၍ ဧ​ဗြော​န​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဧ​ဇ​ယုန်​ဂါ​ဗာ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဇိ​န​တော​ကာ​ဒေ​ရှ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​တောင်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ အာ​ရုန်​သည် အ​နိ​စ္စ​ရောက်၍၊ သူ့​ကို​သင်္ဂြိုဟ်​ရ၏။ သူ၏​သား​ဧ​လာ​ဇာ​သည် အ​ဘ၏​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ၏။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ အ​မှု​တော်​ကို​စောင့်​သော ယဇ်​ပု​ရော​ဟိတ်၊ တ​ရား​သူ​ကြီး​စ​ကား​ကို နား​မ​ထောင်​ဘဲ ရဲ​ရင့်​စွာ​ပြု​သော​သူ​ကို အ​သေ​သတ်​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​မှ ဒု​စ​ရိုက်​ကို​ပယ်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ