Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 18:14

Judson Bible

သင်​အ​စိုး​ရ​အံ့​သော လူ​မျိုး​တို့​သည်၊ ကာ​လ​ဗေ​ဒင်​ကို ကြည့်​သော​သူ၊ ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို ကိုယ်​ဉာဏ်​အား​ဖြင့် ဟော​ပြော​သော​သူ​တို့​စ​ကား​ကို နား​ထောင်​တတ်​ကြ၏။ သင်​မူ​ကား ထို​သို့​ပြု​ရ​အောင် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ခွင့်​ပေး​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​အိပ်​မက်၌ ဘု​ရား​သ​ခင်​က​လည်း၊ မှန်​ပေ၏။ သင်​သည် ဖြောင့်​မတ်​သော​သ​ဘော​နှင့် ပြု​သည်​ကို ငါ​သိ၏။ သင်​သည်​ငါ့​ကို​မ​ပြစ်​မှား​စေ​ခြင်း​ငှာ၊ သင့်​ကို ငါ​ဆီး​တား​ပြီ။ သို့​ဖြစ်၍ ထို​မိန်း​မ​နှင့်​ပေါင်း​ဖော်​ရ​သော​အ​ခွင့်​ကို ငါ​မ​ပေး။

မိ​မိ​သား​ကို မီး​ဖြင့်​ပူ​ဇော်၏။ ကာ​လ​ဗေ​ဒင်​ကို ကြည့်​တတ်၏။ ပြု​စား​သော​အ​တတ်​ကို​သုံး​ဆောင်၍ စုန်း​နှင့် နတ်​ဝင်​တို့​ကို​လည်း အ​ခွင့်​ပေး၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌ များ​စွာ​သော​ဒု​စ​ရိုက်​ကို​ပြု၏။

အ​ကယ်​စင်​စစ် ကိုယ်​တော်​သည် ယာ​ကုပ်​အ​မျိုး​သား​တည်း​ဟူ​သော ကိုယ်​တော်၏​လူ​တို့​ကို စွန့်​ပစ်​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် အ​ရှေ့​ပြည်​အ​တတ်​နှင့် ကြွယ်​ဝ၍၊ ဖိ​လိ​တ္တိ​လူ​တို့​ကဲ့​သို့ အ​နာ​ဂ​တ္တိ​ဆ​ရာ​ဖြစ်​ကြ၏။ တစ်​ပါး​အ​မျိုး​သား​နှင့် အ​ပေါင်း​အ​ဖော် ပြု​ကြ၏။

သို့​ဖြစ်၍၊ သင်​တို့​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်၏ အ​စေ​ကို မ​ခံ​ရ​ဟု၊ သင်​တို့​အား ပြော​တတ်​သော ပ​ရော​ဖက်၊ အ​နာ​ဂတ်​ဆ​ရာ၊ အိပ်​မက်​မြင်​သော​ဆ​ရာ၊ နတ်​ဝိ​ဇ္ဇာ​ဆ​ရာ၊ ပြု​စား​တတ်​သော​ဆ​ရာ​တို့၏ စ​ကား​ကို​နား​မ​ထောင်​ကြ​နှင့်။

ဒံ​ယေ​လ​က၊ အ​ရှင်​မင်း​ကြီး မေး​မြန်း​တော်​မူ​သော​အ​ရာ​ကို ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ မာ​ဂု​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​သည် အ​ရှင်​မင်း​ကြီး​အား ဖော်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ​ပါ။

သင်၏​နယ်၌ စုန်း​လုပ်​သော​သူ​တို့​ကို ငါ​ပယ်​ရှင်း၍၊ သင်၌ ဗေ​ဒင်​ဟော​သော​သူ​မ​ရှိ​ရ။

ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တို့၌၊ လူ​အ​မျိုး​မျိုး​တို့​သည် မိ​မိ​တို့​အ​လို​အ​လျောက် ကျင့်​ကြ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​သည် အ​လွတ်​ထား​တော်​မူ၏။-

သင်​တို့​တွင် မိ​မိ​သား​သ​မီး​ကို မီး​ဖြင့်​ပူ​ဇော်​သော​သူ၊ ဖြစ်​လ​တ္တံ့​သော​အ​မှု​ကို ကိုယ်​ဉာဏ်​နှင့် ဟော​ပြော​သော​သူ၊ ကာ​လ​ဗေ​ဒင်​ကို ကြည့်​သော​သူ၊ မ​ကောင်း​သော​အ​တတ်​ကို ပြု​စု​သော​သူ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ