Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 18:12

Judson Bible

ထို​သို့ ပြု​တတ်​သော​သူ အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ထို​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​များ​တို့​ကြောင့် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ထို​လူ​မျိုး​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​တစ်​ပါး၊ ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ​တွေ့​သော ကျမ်း​စာ၌​ပါ​သော စ​ကား​အ​တိုင်း ကျင့်​လို​သော​ငှာ၊ ယော​ရှိ​မင်း​သည် စုန်း၊ နတ်​ဝင်၊ တေ​ရပ်​ရုပ်​တု​မှ​စ၍ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​လုံး​တွင် ရွံ​ရှာ​ဖွယ်​သော​အ​ရာ တွေ့​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သုတ်​သင်​ပယ်​ရှင်း​တော်​မူ၏။

လူ​မျိုး​တို့​တွင် တန်​ခိုး​ကြီး၍ သူ့​ကို​ကျပ်​တည်း​စွာ စီ​ရင်​သော​သူ၏​လက်​သို့ ငါ​အပ်​လေ​ပြီ။ သူ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကြောင့် နှင်​ထုတ်​လေ​ပြီ။

ထို​သို့​သော​အ​မှု​အား​ဖြင့် ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ရ။ သင်​တို့​ရှေ့​မှာ ငါ​နှင်​ထုတ်​သော လူ​အ​မျိုး​မျိုး​တို့​သည်၊ ထို​သို့​သော​အ​မှု​ကို​ပြု၍ ညစ်​ညူး​ကြ၏။

သူ​တို့​ပြည်​သည်​လည်း ညစ်​ညူး၏။ ညစ်​ညူး​သော​အ​ပြစ်​ကြောင့် ငါ​ဆုံး​မ၍၊ ထို​ပြည်​သည် မိ​မိ​သား​တို့​ကို အော့​အန်​လိမ့်​မည်။

သို့​ရာ​တွင်၊ သင်​တို့၌​တည်း​ခို​သော လေ​ဝိ​သား​ဟူ​မူ​ကား၊ သင်​တို့​နှင့်​ရော၍၊ အ​ဖို့​မ​ရှိ၊ အ​မွေ​ကို​မ​ခံ​ရ​သော​ကြောင့်၊ သူ့​ကို မ​စွန့်​မ​ပစ်​ရ​ဘဲ၊

မိန်း​မ​သည် ယောက်ျား​အ​ဝတ်​ကို မ​ဝတ်​ရ။ ယောက်ျား​သည်​လည်း မိန်း​မ​အ​ဝတ်​ကို မ​ဝတ်​ရ။ ထို​သို့​ဝတ်​သော​သူ​ရှိ​သ​မျှ​တို့​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။

သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သင့်​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော​နောက်၊ သင်​က၊ ငါ့​ကု​သိုလ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​သွင်း၍၊ ဤ​ပြည်​ကို အ​ပိုင်​ပေး​တော်​မူ​သည်​ဟူ၍ မ​အောက်​မေ့​ရ။ ထို​လူ​မျိုး​တို့၏ မ​ကောင်း​မှု​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ့​ရှေ့​မှ​နှင်​ထုတ်​တော်​မူ​သည်​ဟူ၍ စိတ်​ထဲ​မှာ အောက်​မေ့​ရ​မည်။

သင်​ပြု​သော​ကု​သိုလ်​ကြောင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သ​ဘော​ကြောင့်​လည်း​ကောင်း၊ ထို​ပြည်​ကို​သွား၍ ဝင်​စား​ရ​မည်​မ​ဟုတ်။ ထို​လူ​မျိုး​တို့၏​မ​ကောင်း​မှု​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ဘ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​စ​ကား​တော်​ကို တည်​စေ​လို​သော​ငှာ​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ