Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 17:2

Judson Bible

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော မြို့​တို့​တွင်၊ နေ၊ လ၊ မိုး​ကောင်း​ကင်​တန်​ဆာ​အ​စ​ရှိ​သော ငါ​မြစ်​တား​သ​မျှ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို​သွား၍ ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​ကို လွန်​ကျူး၍၊ ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု​မိ​သော ယောက်ျား​မိန်း​မ​ရှိ​သည်​ဟု၊

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် မိ​မိ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်၊ ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန် မော​ရှေ​မှာ​ထား​သ​မျှ​ကို​လည်း​ကောင်း၊ အ​မှု​မ​ထား​လွန်​ကျူး​ကြ၏။

ခ​မည်း​တော်​ဟေ​ဇ​ကိ ဖျက်​ဆီး​သော​ကုန်း​တို့​ကို ပြု​ပြင်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အာ​ဟပ်​ပြု​သ​ကဲ့​သို့ ဗာ​လ​အ​ဖို့ ယဇ်​ပ​လ္လင်​တို့​ကို​တည်၏။ အာ​ရှ​ရ​ပင်​ကို​လည်း ပြု​စု၏။ မိုး​ကောင်း​ကင်​တန်​ဆာ​များ​ကို​လည်း ဝတ်​ပြု​ကိုး​ကွယ်၏။

ရာ​ဇ​ဝတ်​ခံ​ထိုက်​သော အ​ပြစ်​ရှိ၏။ အ​ထက်​အ​ရပ်၌ ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်​ရာ​ရောက်၏။

တိ​ရ​စ္ဆာန်​နှင့်​သင့်​နေ​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​ရှေ့​မှာ ယဇ်​ပူ​ဇော်​သော​သူ​ကို ရှင်း​ရှင်း​ဖျက်​ဆီး​ရ​မည်။

ဤ​လူ​မျိုး၏ ဘိုး​ဘေး​တို့​ကို​လက်​ဆွဲ၍ အဲ​ဂု​တ္တု​ပြည်​မှ ဆောင်​သွား​သော​အ​ခါ၊ သူ​တို့၌ ငါ​ပေး​သော​ပ​ဋိ​ညာဉ်​တ​ရား​နှင့် ခြား​နား​သော ပ​ဋိ​ညာဉ်​တ​ရား​သစ်​ကို ဣ​သ​ရေ​လ အ​မျိုး​သား၊ ယု​ဒ​အ​မျိုး​သား​တို့၌ ငါ​ပေး​သော အ​ချိန်​ကာ​လ​ရောက်​လိမ့်​မည်။ အ​ရင်​ငါ​ပေး​ဖူး​သော ပ​ဋိ​ညာဉ်​တ​ရား​ကို သူ​တို့​သည်​ဖျက်၍၊ ငါ​သည်​လည်း သူ​တို့​ကို ရွံ​ရှာ၏။

နွား​သ​ငယ်​ကို ထက်​ခြမ်း​ခွဲ၍၊ အ​လယ်​သို့ လျှောက်​သွား​လျက်၊ ငါ့​ရှေ့​မှာ​ပြု​သော ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ် စ​ကား​အ​တိုင်း​မ​ကျင့်၊ ငါ၏​ပ​ဋိ​ညာဉ်​ကို ဖျက်​သော​သူ​တည်း​ဟူ​သော၊

မျောက်​မ​ထား​သော မိန်း​မ​နှင့်၊ လူ​အ​သက်​ကို​သတ်​သော မိန်း​မ​တို့​ကို​စီ​ရင်​သ​ကဲ့​သို့ သင့်​ကို​ငါ​စီ​ရင်၍၊ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​အ​သွေး​ကို ငါ​တိုက်​မည်။

သူ​တို့​သည် အာ​ဒံ​ကဲ့​သို့ ပ​ဋိ​ညာဉ်​ကို လွန်​ကျူး​ကြ​ပြီ။ နေ​ရင်း​အ​ရပ်၌ ငါ့​သ​စ္စာ​ကို ဖျက်​ကြ​ပြီ။

တံ​ပိုး​မှုတ်​လော့။ ရန်​သူ​သည် ရွှေ​လင်း​တ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့ လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်၍ ငါ့​တ​ရား​ကို လွန်​ကျူး​ကြ​ပြီ။

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား ဆက်​ကပ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။ ပြည်​သား​တို့​လည်း ခဲ​နှင့်​ပစ်​ရ​ကြ​မည်။

ငါ့​စီ​ရင်​ထုံး​ဖွဲ့​ချက်​များ​ကို​ရွံ​ရှာ၍၊ မ​ထီ​မဲ့​မြင်​ပြု​လျက်၊ ငါ့​ပ​ညတ်​တ​ရား​ကို​မ​ကျင့်၊ ငါ့​ပ​ဋိ​ညာဉ်​သ​စ္စာ​ကို​ဖျက်​လျှင်၊

ငါ့​ပ​ဋိ​ညာဉ်​ဘက်၌​နေ၍၊ တ​ရား​စီ​ရင်​ရ​သော​ဓား​ဘေး​ကို သင်​တို့​အ​ပေါ်​မှာ ငါ​သက်​ရောက်​စေ​မည်။ သင်​တို့​သည်​မြို့​ထဲ၌၊ စု​ဝေး​သော​အ​ခါ၊ ကာ​လ​နာ​ဘေး​ကို ငါ​စေ​လွှတ်၍၊ ရန်​သူ​လက်​သို့​ရောက်​စေ​မည်။

ထို​ဒု​စ​ရိုက်​ကို​ပြု​မိ​သော ယောက်ျား​မိန်း​မ​ကို မြို့​တံ​ခါး​ဝ​သို့ ထုတ်​ပြီး​လျှင်၊ ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​မည်။

ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ လွှဲ​ရှောင်​ချင်​သော သ​ဘော​ရှိ​လျက်၊ ထို​လူ​မျိုး​တို့၏ ဘု​ရား​များ​ထံ​သို့ သွား၍​ဝတ်​ပြု​သော​ယောက်ျား၊ မိန်း​မ၊ အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက်​သည် သင်​တို့​တွင်​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ခါး​စွာ​သော​အ​သီး၊ ဒေါ​န​ကို​သီး​တတ်​သော အ​ပင်​မြစ်​သည် သင်​တို့​တွင် ပေါက်​မည်​ဟူ၍​လည်း​ကောင်း၊

သူ​တစ်​ပါး​တို့​က၊ ထို​သူ​တို့၏ ဘိုး​ဘေး​တို့ ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော​အ​ခါ၊ သူ​တို့​နှင့်​ဖွဲ့​တော်​မူ​သော ပ​ဋိ​ညာဉ်​ကို သူ​တို့​သည် စွန့်​ကြ​သော​ကြောင့်​လည်း​ကောင်း၊

အ​ကြောင်း​မူ​ကား၊ သူ​တို့၏​ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို၍ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​သို့ သူ​တို့​ကို ငါ​ဆောင်​သွင်း​သ​ဖြင့် သူ​တို့​သည် ဝ​စွာ​စား​ရ၍ ဆူ​ဖြိုး​သော​အ​ခါ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ထံ​သို့​လွှဲ​သွား၍ ဝတ်​ပြု​ကြ​လိမ့်​မည်။ ငါ့​ကို​ပုန်​ကန်၍ ငါ့​ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​ကြ​လိမ့်​မည်။

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​ကို​မေ့​လျော့၍၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မြစ်​တား​တော်​မူ​သော အ​ရာ​တို့၏ သ​ဏ္ဌာန်​ရှိ​သော​ရုပ်​တု​ကို မ​လုပ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။

မော​ရှေ၏​တ​ရား​ကို ပယ်​သော​သူ​မည်​သည်​ကား၊ သက်​သေ​ခံ နှစ်​ဦး​သုံး​ဦး​ရှိ​လျှင်၊ သ​နား​ခြင်း​ကို မ​ခံ​ရ​ဘဲ သေ​ရ၏။-

သင်​တို့​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ပြစ်​မှား​လျက်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ထံ​သို့​သွား၍ ဦး​ညွှတ်​ဝတ်​ပြု​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​ထွက်၍၊ အ​ရင်​ပေး​တော်​မူ​သော ဤ​ကောင်း​မွန်​သော​ပြည်၌ သင်​တို့​သည် အ​လျင်​အ​မြန်​ပျောက်​ပျက်​ကြ​လိမ့်​မည်​ဟု ဟော​ပြော၏။

ဣ​သ​ရေ​လ​အ​မျိုး​သည် ပြစ်​မှား​ပြီ။ ငါ​မှာ​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လေ​ပြီ။ ကျိန်​အပ်​သော​အ​ရာ​ကို ခိုး​ယူ၍ ပ​ရိ​ယာယ်​ပြု​သ​ဖြင့် မိ​မိ​ဥ​စ္စာ​ထဲ​မှာ​ထား​လေ​ပြီ။

ကျိန်​အပ်​သော​အ​ရာ​ပါ​လျက် မှတ်​တော်​မူ​သော​သူ​မှ​စ၍၊ သူ၌​ရှိ​သ​မျှ​တို့​ကို မီး​ရှို့​ရ​ကြ​မည်။ အ​ကြောင်း​မူ​ကား၊ သူ​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​တ​ရား​ကို​ဖျက်၍ ဣ​သ​ရေ​လ​အ​မျိုး၌ အ​ဓ​မ္မ​အ​မှု​ကို​ပြု​လေ​ပြီ​ဟု ယော​ရှု​အား မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်​လျက်၊ ဤ​လူ​တို့​သည် ငါ့​စ​ကား​ကို​နား​မ​ထောင်။ သူ​တို့​ဘိုး​ဘေး​တို့​နှင့် ငါ​ဖွဲ့​သော​ပ​ဋိ​ညာဉ်​ကို ဖျက်​သော​ကြောင့်၊

ယော​ရှ​သည် တစ်​ဖက်၌​နေ​သော သူ​အ​ပေါင်း​တို့​အား၊ သင်​တို့​သည် ဗာ​လ​ဘု​ရား​ဘက်၌ အ​မှု​စောင့်​မည်​လော။ သူ့​ကို ကယ်​တင်​မည်​လော။ သူ့​ဘက်၌ အ​မှု​စောင့်​သော​သူ​သည်၊ နံ​နက်​မ​လွန်​မီ အ​သေ​ခံ​ပါ​လေ​စေ။ ဗာ​လ​သည် ဘု​ရား​မှန်​လျှင်၊ သူ၏​ယဇ်​ပ​လ္လင်​ကို တစ်​စုံ​တစ်​ယောက် ဖြို​ဖျက်​သော​ကြောင့်၊ မိ​မိ​အ​မှု​ကို မိ​မိ​စောင့်​ပါ​လေ​စေ​ဟု ပြန်​ပြော၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ