တရားဟော 17:17Judson Bibleသူ၏စိတ်နှလုံးသည် ဖောက်ပြန်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း များစွာသော မယားတို့ကို မယူရ။ ရွှေငွေကိုလည်း များစွာမဆည်းဖူးရ။ အခန်းကိုကြည့်ပါ။ |
ဣသရေလရှင်ဘုရင် ရှောလမုန်သည် ထိုသို့ပြု၍ ပြစ်မှားရာရောက်သည် မဟုတ်လော။ အတိုင်းတိုင်းအပြည်ပြည်၌ သူနှင့်တူသောရှင်ဘုရင် မရှိ။ ဣသရေလရှင်ဘုရင်အရာ၌ ဘုရားသခင် ခန့်ထားသည်တိုင်အောင် စိတ်တော်နှင့်တွေ့သောသူ ဖြစ်သော်လည်း၊ တစ်ပါးအမျိုးသားမိန်းမတို့သည် ပြစ်မှားစေသည်တကား။
တစ်ဦးတည်းကိုသာ ဖန်ဆင်းတော်မူပြီမဟုတ်လော။ သို့သော်လည်း၊ ကိုယ်တော်၌ ဝိညာဉ်တော် အကျန်အကြွင်းရှိ၏။ အဘယ်ကြောင့် တစ်ဦးတည်းကိုသာ ဖန်ဆင်းတော်မူသနည်းဟူမူကား၊ ဘုရားသခင်နှင့် ထိုက်တန်သောအမျိုးကိုရှာ၍ ထိုသို့ ဖန်ဆင်းတော်မူ၏။ သို့ဖြစ်၍၊ ကိုယ်စိတ်သဘောကို ချုပ်တည်းကြလော့။ အသက်ပျိုစဉ်အခါ လက်ထပ်သောမယားကို သစ္စာဖျက်၍ မပြစ်မှားကြနှင့်။