Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 17:16

Judson Bible

ထို​ရှင်​ဘု​ရင်​သည် ကိုယ်​အ​ဖို့ များ​စွာ​သော မြင်း​တို့​ကို မ​မွေး​ရ။ မြင်း​များ​ပြား​စေ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ လူ​ကို​မ​ပြန်​စေ​ရ။ အ​ကြောင်း​မူ​ကား၊ ထို​လမ်း​သို့​မ​ပြန်​မ​သွား​ရ​ဟု ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ရ​ထား​တစ်​ထောင်၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ထောင်၊ ခြေ​သည် သူ​ရဲ​နှစ်​သောင်း​ကို ဖမ်း​ဆီး၍ ရ​ထား​တစ်​ရာ​ကို သိမ်း​ထား​ပြီး​မှ၊ အ​ခြား​သော​မြင်း​ရ​ထား​ရှိ​သ​မျှ​တို့​ကို ဖျက်​ဆီး​လေ၏။

ထို​နောက် ဟ​ဂ္ဂိတ်​သား အ​ဒေါ​နိ​ယ​သည် ရှင်​ဘု​ရင်​လုပ်​မည်​ဟု အ​ကြံ​ရှိ​လျက်၊ ကိုယ်​ကို​ချီး​မြှောက်၍ ရ​ထား​များ​နှင့် မြင်း​များ​ကို​လည်း​ကောင်း၊ မိ​မိ​ရှေ့၌​ပြေး​ရ​သော လူ​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ပြင်​ဆင်​လေ၏။

ရှော​လ​မုန်​သည်​လည်း၊ ရ​ထား​တော်​များ​နှင့် ဆိုင်​သော မြင်း​တင်း​ကုပ်​လေး​သောင်း၊ မြင်း​စီး​သူ​ရဲ တစ်​သောင်း​နှစ်​ထောင်​ရှိ၏။

မင်း​ကြီး၏​ကျွန်​တို့​သည် ငါ့​အ​ဖို့ လေ​ဗ​နုန်​တောင်​ပေါ်​မှာ အာ​ရဇ်​ပင်​တို့​ကို ခုတ်​လှဲ​စေ​ခြင်း​ငှာ စီ​ရင်​ပါ။ ငါ့​ကျွန်​တို့​သည် မင်း​ကြီး​ကျွန်​တို့​နှင့်​ဝိုင်း၍ လုပ်​ကိုင်​ကြ​လိမ့်​မည်။ မင်း​ကြီး​စီ​ရင်​သည်​အ​တိုင်း၊ မင်း​ကြီး၏ ကျွန်​တို့​အား အ​ခ​ကို​ပေး​ပါ​မည်။ ဇိ​ဒုန်​အ​မျိုး​သား​တို့​သည် သစ်​ခုတ်​တတ်​သ​ကဲ့​သို့ ငါတို့​တွင် အ​ဘယ်​သူ​မျှ မ​ခုတ်​တတ်​သည်​ကို မင်း​ကြီး​သိ​သည်​ဟု မှာ​လိုက်​လေ၏။

ရှော​လ​မုန်​ထံ​သို့ မြင်း​များ​ကို အဲ​ဂု​တ္တု​ပြည်၊ ကော​မြို့​မှ ဆောင်​ခဲ့​ရ၏။ ရှင်​ဘု​ရင်​ကုန်​သည်​တို့​သည် အ​ဖိုး​ပေး​လျက်၊ ကော​မြို့၌ ခံ​ယူ​ရ​ကြ၏။

ရှော​လ​မုန်​သည်​လည်း၊ ရ​ထား​တော်​များ​နှင့် ထိုင်​သော​မြင်း​တင်း​ကုပ် လေး​ထောင်၊ မြင်း​စီး​သူ​ရဲ တစ်​သောင်း​နှစ်​ထောင်​ရှိ၏။ ရ​ထား​ထိန်း​မြို့​တို့၌​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့ အ​ထံ​တော်၌​လည်း​ကောင်း ထား၏။

အ​ချို့​သော​သူ​တို့​သည် ရ​ထား​ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည် မြင်း​ကို​လည်း​ကောင်း၊ ချီး​မွမ်း​တတ်​ကြ၏။ ငါ​တို့​မူ​ကား၊ ငါ​တို့​ဘု​ရား​သ​ခင်​တည်း​ဟူ​သော ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။

ဣ​သ​ရေ​လ​လူ​တို့​ကို ဖာ​ရော​ဘု​ရင်​လွှတ်​သော​နောက်၊ ဖိ​လိ​တ္တိ​ပြည်​ကို လျှောက်​သော​လမ်း​သည် ဖြောင့်​သော်​လည်း၊ ထို​လမ်း​ဖြင့် ဘု​ရား​သ​ခင်​ဆောင်​တော်​မ​မူ။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် စစ်​မှု​ကို​တွေ့​မြင်​သော​အ​ခါ​စိတ်​ပျက်၍၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​ကောင်း​ပြန်​ကြ​လိမ့်​မည်​ဟု သိ​တော်​မူ၏။

ထို​ကြောင့် ဘု​ရား​သ​ခင်​သည်၊ သူ​တို့​ကို ဧ​ဒုံ​ပင်​လယ်​နား​တော​လမ်း​ဖြင့်​ဝိုင်း၍ ဆောင်​တော်​မူ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ခင်း​ကျင်း​သော​တပ်​အ​စဉ်​အ​တိုင်း အဲ​ဂု​တ္တု​ပြည်​မှ ထွက်​သွား​ကြ၏။

မော​ရှေ​က​လည်း မ​စိုး​ရိမ်​ကြ​နှင့်။ ငြိမ်​ဝပ်​စွာ​ရပ်​နေ​ကြ။ ထာ​ဝ​ရ​ဘု​ရား​သည်၊ ယ​နေ့​ပြ​တော်​မူ​သော ကယ်​တင်​ခြင်း​ကို​ကြည့်​ရှု​ကြ​လော့။ သင်​တို့​သည် ယ​နေ့​မြင်​သော အဲ​ဂု​တ္တု​လူ​တို့​ကို၊ နောက်​တစ်​ဖန်​အ​လျှင်း​မ​မြင်​ရ​ကြ။

သူ​တို့​ပြည်​သည် ရွှေ​ငွေ​နှင့်​ကြွယ်​ဝ၍၊ ဥ​စ္စာ​ပ​စ္စည်း အ​တိုင်း​မ​သိ​များ၏။ သူ​တို့​ပြည်​သည် မြင်း​နှင့် ကြွယ်​ဝ၍၊ မြင်း​ရ​ထား အ​တိုင်း​မ​သိ​များ၏။

ကျန်​ကြွင်း​သော ယု​ဒ​အ​မျိုး​သား​တို့၊ အဲ​ဂု​တ္တု​ပြည်​သို့ မ​သွား​ကြ​နှင့်​ဟု သင်​တို့​အား ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ၏။ ငါ​သည်​သင်​တို့​ကို ယ​နေ့ သက်​သေ​ခံ​ကြောင်း​ကို သိ​မှတ်​ကြ​လော့။

သို့​ရာ​တွင်၊ မြင်း​များ၊ လူ​များ​တို့​ကို​တောင်း​ခြင်း​ငှာ သံ​တ​မန်​ကို အဲ​ဂု​တ္တု​ပြည်​သို့​စေ​လွှတ်၍ ပုန်​ကန်​လေ​ပြီ။ ထို​သို့​ပြု​သော​သူ​သည် ကောင်း​စား​ရ​မည်​လော။ ဘေး​လွတ်​ရ​မည်​လော။ သ​စ္စာ​ဖျက်​ပြီး​မှ လွတ်​ရ​မည်​လော။

အ​ထံ​တော်​သို့ မ​ပြန်​မ​လာ​ဟု သူ​သည် ငြင်း​သော​ကြောင့်၊ အဲ​ဂု​တ္တု​ပြည်​သို့ ပြန်၍​မ​သွား​ရ။ အာ​ရှု​ရိ​မင်း​သည် သူ​တို့​ကို အုပ်​စိုး​ရ​လိမ့်​မည်။

အာ​ရှု​ရိ​မင်း​သည် အ​ကျွန်ုပ်​တို့​ကို မ​ကယ်​တင်​ရ။ အ​ကျွန်ုပ်​တို့​သည် မြင်း​စီး​သူ​ရဲ​မ​လုပ်​ပါ။ ကိုယ်​လက်​ဖြင့် လုပ်​သော​အ​ရာ​တို့​အား၊ ကိုယ်​တော်​တို့​သည် အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင်​ဖြစ်​ပါ၏​ဟု နောက်​တစ်​ဖန်​မ​ဆို​ပါ။ အ​ကြောင်း​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​တို့​သည် ကိုယ်​တော်​ထံ၌ က​ရု​ဏာ​ကျေး​ဇူး​ကို ခံ​တတ်​ကြ​ပါ၏​ဟု လျှောက်​ကြ​လော့။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ၌ သင်၏​မြင်း​တို့​ကို သင့်​အ​လယ်​က ငါ​ပယ်​ရှင်း၍၊ သင်၏ ရ​ထား​တို့​ကို​လည်း ဖျက်​ဆီး​မည်။

ထို​လမ်း​ကို နောက်​တစ်​ဖန် သင်​မ​မြင်​ရ​ဟု မိန့်​တော်​မူ​သော​လမ်း​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဖန်​သင့်​ကို အဲ​ဂု​တ္တု​ပြည်​သို့ သင်္ဘော​နှင့် ပို့​ဆောင်​တော်​မူ​သ​ဖြင့်၊ ထို​ပြည်​တွင် ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ဖြစ်​စေ​ခြင်း​ငှာ ရန်​သူ​တို့၌ ရောင်း​ကြ​လိမ့်​မည်။ သို့​ရာ​တွင် အ​ဘယ်​သူ​မျှ သင့်​ကို​မ​ဝယ်​လို​ဟု ဣ​သ​ရေ​လ​လူ​မျိုး​တို့​ကို ဟော​ပြော​လေ၏

သင်​တို့​ကို အုပ်​စိုး​သော ရှင်​ဘု​ရင်၏​ထုံး​စံ​ဟူ​မူ​ကား၊ သင်​တို့​သား​များ​ကို​ယူ၍ မိ​မိ​ရ​ထား​ထိန်း၊ မြင်း​ထိန်း​အ​ရာ၌ ခန့်​ထား၍၊ အ​ချို့​တို့​သည်​လည်း သူ၏​ရ​ထား​ရှေ့​မှာ ပြေး​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ