တရားဟော 17:14Judson Bibleသင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သင်သည် ဝင်စား၍နေသောအခါ၊ သင်က၊ ငါ့ပတ်လည်၌နေသော တစ်ပါးသောလူမျိုးအပေါင်းတို့နည်းတူ၊ ငါသည် ရှင်ဘုရင်အရာ၌ တစ်စုံတစ်ယောက်ကို ချီးမြှောက်မည်ဟု ဆိုလျှင်၊ အခန်းကိုကြည့်ပါ။ |
သင်တို့ကို ဒုက္ခဆင်းရဲ ဘေးဥပဒ်ရှိသမျှတို့အထဲက ကယ်တင်သော သင်တို့၏ဘုရားသခင်ကို ယနေ့ သင်တို့သည်ပယ်ကြပြီ။ အကျွန်ုပ်တို့အပေါ်မှာ ရှင်ဘုရင်ရှိစေခြင်းငှာ ချီးမြှောက်တော်မူပါဟု လျှောက်ကြပြီ။ သို့ဖြစ်၍ အမျိုးအသီးအသီး၊ အဆွေအသီးအသီးအလိုက် ထာဝရဘုရားရှေ့တော်သို့ ချည်းကပ်ကြလော့ဟု ဣသရေလအမျိုးသားတို့အား ဆိုသဖြင့်၊
လူအပေါင်းတို့က၊ ကိုယ်တော်၏ကျွန်တို့သည် မသေရမည်အကြောင်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ကိုယ်တော်ကျွန်တို့အဖို့ ဆုတောင်းတော်မူပါ။ အကျွန်ုပ်တို့သည် ရှင်ဘုရင်ကို တောင်းသောအားဖြင့် အထက်အပြစ်များတို့အပေါ်မှာထပ်၍ ဒုစရိုက်ကို ပြုမိပါပြီဟု ရှမွေလအား တောင်းပန်ကြ၏။