Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 17:11

Judson Bible

သူ​တို့​ဖော်​ပြ​သော ဓ​မ္မ​သတ်​စီ​ရင်​ချက်၊ ကြား​ပြော​သော ဆုံး​ဖြတ်​ချက်​ရှိ​သည်​အ​တိုင်း ပြု​ရ​မည်။ သူ​တို့​ပြ​သော စီ​ရင်​ချက်​မှ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က​လည်း၊ ဤ​အ​မှု၌ ယွာ​ဘ​သည် သင့်​အား အ​ကြံ​ပေး​သည်​မ​ဟုတ်​လော​ဟု​မေး​သော်၊ မိန်း​မ​က အို​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ အ​ရှင်​မင်း​ကြီး​မိန့်​တော်​မူ​သော စ​ကား​လမ်း​မှ လက်​ယာ​ဘက်​လက်​ဝဲ​ဘက်​သို့ အ​ဘယ်​သူ​မျှ​မ​လွှဲ​နိုင်​ရာ။ အ​ကယ်​စင်​စစ် ကိုယ်​တော်​ကျွန်​ယွာ​ဘ​သည် ကျွန်​တော်​မ​ကို​မှာ​ထား၍ ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို သွန်​သင်​ပါ၏။

လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​တိမ်း​မ​လွှဲ​နှင့်။ ဒု​စ​ရိုက်​ပြု​ရာ​လမ်း​ကို​ရှောင်​လော့။

ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သား​တို့​သည် ဖော်​ပြ​သော စီ​ရင်​ချက်​အ​တိုင်း၊ သင်​သည် ပြု​ရ​မည်။ သူ​တို့​သွန်​သင်​သည်​အ​တိုင်း ပြု​ရ​ခြင်း​ငှာ စောင့်​ရှောက်​ရ​မည်။

လူ​ချင်း​အ​မှု​ရှိ၍ မင်း​ထံ၌ အ​စီ​ရင်​ခံ​လျက်၊ မင်း​ရှေ့​မှာ တ​ရား​တွေ့​ကြ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​သူ​ကို အ​ရှုံး​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ရ​မည်။

ယ​နေ့ ငါ​ဆင့်​ဆို​သော စ​ကား​တော်​လမ်း​မှ​ထွက်၍ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့​မ​လွှဲ၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​နောက်​သို့ လိုက်၍ ဝတ်​မ​ပြု​ဘဲ​နေ​လျှင်​လည်း​ကောင်း၊ ထို​သို့​သော​ကျေး​ဇူး​တော်​ကို ခံ​ရ​လိမ့်​မည်။

သို့​ဖြစ်၍ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​သည်​ကျင့်​အံ့​သော​ငှာ စောင့်​နေ​ရ​ကြ​မည်။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​မ​ရှောင်​ရ​ကြ။

လူ​တို့​သည် အ​ထွတ်​အ​မြတ်​အာ​ဏာ​စက်၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မင်း၏​စ​ကား​ကို နား​ထောင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု၍ အ​သင့်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

သို့​ဖြစ်၍ ငါ၏​ကျွန်​မော​ရှေ​မှာ​ထား​သော တ​ရား​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​ငှာ အား​ယူ၍ အ​လွန်​ရဲ​ရင့်​ခြင်း​ရှိ​လော့။ ကြံ​စည်​လေ​သ​မျှ​တို့၌ အောင်​မည်​အ​ကြောင်း ထို​တ​ရား​လမ်း​သို့ လိုက်​လော့။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​နှင့်။

သို့​ဖြစ်၍ သင်​တို့​သည် မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​စာ​လမ်း​မှ လက်​ယာ​ဘက် ဘက်​ဝဲ​ဘက်​သို့​မ​လွှဲ​ဘဲ၊ ပါ​သ​မျှ​အ​တိုင်း ကျင့်​စောင့်​ခြင်း​ငှာ​လည်း​ကောင်း၊

ယ​ခု ယောင်​ယမ်း​သော​အ​ဓ​မ္မ​လူ​တို့​သည်၊ ရှေး​နည်း​တူ မိ​မိ​တို့​ကိုယ်​ကို ညစ်​ညူး​စေ၍၊ အာ​ဏာ​စက်​ကို​ပယ်​လျက်၊ ဘုန်း​တန်​ခိုး​ကြီး​သော​သူ​တို့​ကို ကဲ့​ရဲ့​တတ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ