တရားဟော 16:17Judson Bibleသင်၏ ဘုရားသခင်ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့်၊ လူအသီးအသီးတို့သည် တတ်နိုင်သည်အတိုင်း ဆက်ရကြမည်။ အခန်းကိုကြည့်ပါ။ |
အဇုမပွဲခံချိန်၊ ခုနစ်သီတင်းပွဲခံချိန်၊ သကေနေပွဲခံချိန်တည်းဟူသော တစ်နှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ရှေ့တော်မှာ မျက်နှာပြရကြမည်။ ထိုအခါ ထာဝရဘုရားထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ။