တရားဟော 16:16Judson Bibleအဇုမပွဲခံချိန်၊ ခုနစ်သီတင်းပွဲခံချိန်၊ သကေနေပွဲခံချိန်တည်းဟူသော တစ်နှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ရှေ့တော်မှာ မျက်နှာပြရကြမည်။ ထိုအခါ ထာဝရဘုရားထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ။ အခန်းကိုကြည့်ပါ။ |
ထိုစကားကိုကြားသောအခါ၊ ကျမ်းစာ၌ ပါသည်အတိုင်း သစ်ခက်တဲတို့ကို လုပ်ခြင်းငှာ တောင်သို့သွားကြ။ သံလွင်ခက်၊ ထင်းရှူးခက်၊ မုရတုခက်၊ စွန်ပလွံခက် အစရှိသော ထူထပ်သော အခက်အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင်မြို့မှစ၍ ခပ်သိမ်းသော မြို့ရွာတို့၌ ကြော်ငြာကြ၏။
သင်တို့သည် များစွာရမည်ဟု မျှော်လင့်သော်လည်း ရသောဥစ္စာခေါင်းပါးရ၏။ အိမ်သို့ ရောက်သောအခါ ငါမှုတ်လိုက်၏။ အဘယ်ကြောင့်နည်းဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မေးတော်မူ၏။ ငါ့အိမ်သည် ပျက်လျက်ရှိသောကြောင့်လည်းကောင်း၊ သင်တို့သည် အသီးအသီး မိမိတို့အိမ်သို့ပြေးသောကြောင့်လည်းကောင်း ဖြစ်သတည်း။