Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 16:15

Judson Bible

ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌၊ ခု​နစ်​ရက်​ပတ်​လုံး သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့၊ ဓ​မ္မ​ပွဲ​ကို​ခံ​ရ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ တိုး​ပွား​လေ​ရာ​ရာ၊ သင်​လုပ်​ဆောင်​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်၊ အ​မှန်​ရွှင်​လန်း​ခြင်း​ကို ပြု​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ သိမ်း​သွား​ခြင်း​ကို ခံ​ရ​ရာ​ထဲ​က ထွက်​လာ​သော ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သစ်​ခက်​တဲ​တို့​ကို​လုပ်၍ ထိုင်​နေ​ကြ၏။ နုန်​သား ယော​ရှု​လက်​ထက်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တစ်​ခါ​မျှ ထို​သို့​မ​ပြု​ကြ။ အ​လွန်​ဝမ်း​မြောက်​လျက် နေ​ကြ၏။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​တွင် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို ရှာ၍​လာ​ရ​ကြ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကိုယ်​တိုင်​မှ​စ၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​ကို ဆောင်​ခဲ့​ရ​မည်။

ထို​ပွဲ​ခံ​စဉ်၊ ကိုယ်​တိုင်​မှ​စ၍၊ သား​သ​မီး၊ ကျွန် ယောက်ျား မိန်း​မ၊ သင့်​နေ​ရာ၌ တည်း​ခို​သော​လေ​ဝိ​သား၊ ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

အ​ဇု​မ​ပွဲ​ခံ​ချိန်၊ ခု​နစ်​သီ​တင်း​ပွဲ​ခံ​ချိန်၊ သ​ကေ​နေ​ပွဲ​ခံ​ချိန်​တည်း​ဟူ​သော တစ်​နှစ်​တွင် သုံး​ကြိမ်​မြောက်​အောင် သင်​တို့​ယောက်ျား​အ​ပေါင်း​တို့​သည်၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်၌ ရှေ့​တော်​မှာ မျက်​နှာ​ပြ​ရ​ကြ​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ အ​ဘယ်​သူ​မျှ​လက်​ချည်း မ​ပေါ်​မ​လာ​ရ။

သင်​သည် အ​သက်​ရှင်၍ တိုး​ပွား​မည်​အ​ကြောင်း​နှင့် သင်​ဝင်​စား​လ​တ္တံ့​သော​ပြည်၌၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်​အ​ကြောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​သ​ဖြင့် နောက်​တော်​သို့​လိုက်၍၊ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက် ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​လော့​ဟု ငါ​မှာ​ထား၏။

သင့်​ကို​ချစ်​သ​ဖြင့် ကောင်း​ချီး​ပေး၍ များ​ပြား​စေ​တော်​မူ​မည်။ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ သင်​ဖွား​မြင်​သော သား​တို့​ကို​လည်း​ကောင်း၊ သင်၏​မြေ​အ​သီး​အ​နှံ၊ စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ နွား၊ အ​စီး​အ​ပွား၊ သိုး​စု​တို့​ကို​လည်း​ကောင်း ကောင်း​ချီး​ပေး​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ