တရားဟော 16:10Judson Bibleသင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်တိုင်မှစ၍ သင်၏ ဘုရားသခင်ထာဝရဘုရား ကောင်းချီးပေးတော်မူသည်အတိုင်း၊ အလိုလိုပြုသောပူဇော်သကာကို ဆောင်ခဲ့ရမည်။ အခန်းကိုကြည့်ပါ။ |
သိုးသငယ်ကိုမတတ်နိုင်လျှင် ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ မီးရှို့ရာယဇ်ဖို့တစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့တစ်ကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည်သူ့အဖို့ အပြစ်ဖြေခြင်းကိုပြုသဖြင့်၊ သူသည်သန့်ရှင်းရလိမ့်မည်။ ဤရွေ့ကား၊ သားယောက်ျား၊ သားမိန်းမကိုဖွားမြင်သောအမိနှင့် ဆိုင်သောတရားဖြစ်သတည်းဟု မိန့်တော်မူ၏။
သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမတော်တည်စေဖို့ရာ ရွေးကောက်တော်မူသော အရပ်တွင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအဖို့ ခုနစ်သီတင်းပွဲကိုခံ၍ သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ သင့်နေရာ၌တည်းခိုသော လေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။