Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 15:6

Judson Bible

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သင်​သည် လူ​မျိုး​များ​တို့​အား ချေး​ငှား​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်။ သူ​တို့​သည် သင့်​အား ချေး​ငှား​သော​အ​ခွင့်​မ​ရှိ​ရ။ သင်​သည် လူ​မျိုး​များ​တို့​ကို အ​စိုး​ပိုင်​ရ​လိမ့်​မည်။ သူ​တို့​သည် သင့်​ကို အ​စိုး​မ​ပိုင်​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည်​လည်း မြစ်​ကြီး​မှ​စ၍ ဖိ​လိ​တ္တိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် တိုင်း​နိုင်​ငံ​လုံး​ကို​အ​စိုး​ရ​သ​ဖြင့်၊ အ​ရပ်​ရပ်​သား​တို့​သည် လက်​ဆောင်​ပ​ဏ္ဏာ​တို့​ကို ဆက်၍၊ ရှော​လ​မုန်​လက်​ထက် ကာ​လ​ပတ်​လုံး မင်း​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။

ရှော​လ​မုန်​သည် မြစ်​ကြီး​အ​နောက်​ဘက်၊ တိ​ဖ​သ​မြို့​မှ​အ​ဇ္ဇာ​မြို့​တိုင်​အောင် ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သ​ဖြင့် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ စစ်​မှု​စစ်​ရေး​မ​ရှိ။

သို့​ဖြစ်၍ ကိုယ်​တော်​ကျွန်၏​အ​မျိုး​အ​နွယ်​သည် ရှေ့​တော်၌ အ​စဉ်​အ​မြဲ​တည်​ပါ​မည်​အ​ကြောင်း ကောင်း​ချီး​ပေး​ခြင်း​ငှာ နူး​ညွတ်​သော​စိတ် ရှိ​တော်​မူ​ပါ။ အို​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​သည် ကောင်း​ချီး​ပေး​တော်​မူ​လျှင်၊ ကောင်း​ချီး​မင်္ဂ​လာ​ကို အ​စဉ်​အ​မြဲ ခံ​ရ​ပါ​လိမ့်​မည်​ဟု ဆု​တောင်း​သ​တည်း။

မြစ်​ကြီး​မှ​စ၍ ဖိ​လိ​တ္တိ​ပြည်​နှင့် အဲ​ဂု​တ္တု​ပြည်​စွန်း​တိုင်​အောင် ရှိ​သော ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို အ​စိုး​ရ၏။

ငွေ​တော်​ကို​ခွဲ​လျက်၊ အ​ခွန်​တော်​အ​ကောက်​တော်​ကို ခံ​လျက်၊ မြစ်​အ​နောက်​ဘက် တစ်​လျှောက်​လုံး​ကို​အ​စိုး​ရ၍ တန်​ခိုး​ကြီး​သော ရှင်​ဘု​ရင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ နေ​ဖူး​ကြောင်း​များ​ကို သိ​ရ၏။

ထို​ကြောင့်၊ သူ​တို့​ကို​နှောင့်​ယှက်​သော ရန်​သူ​လက်​သို့ အပ်​လိုက်​တော်​မူ၏။ ဆင်း​ရဲ​ခံ​ရ၍ ကိုယ်​တော်​ကို​အော်​ဟစ်​ကြ​သော​အ​ခါ၊ ကောင်း​ကင်​ဘုံ​က နား​ထောင်၍၊ က​ရု​ဏာ​ကျေး​ဇူး​တော် ကြွယ်​ဝ​သည်​အ​တိုင်း၊ ရန်​သူ​လက်​မှ ကယ်​လွှတ်​သော ကျေး​ဇူး​ရှင်​တို့​ကို ပေါ်​ထွန်း​စေ​တော်​မူ၏။

က​ရု​ဏာ​စိတ်​ရှိ၍ ချေး​ငှား​တတ်​သော​သူ​သည် ကောင်း​စား​တတ်၏။ တ​ရား​ဆုံး​ဖြတ်​ရာ​ကာ​လ၌ အောင်​ခြင်း​သို့ ရောက်​လိမ့်​မည်။

မ​တ​ရား​သော​သူ​သည်​ချေး​ငှား၍ မ​ဆပ်​ဘဲ​နေ​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ သ​နား​သော​စိတ်​ရှိ၍ ပေး​တတ်၏။

သူ​သည် အ​စဉ်​သ​နား​သော​စိတ်​ရှိ​သည်​နှင့်၊ သူ​တစ်​ပါး​တို့​အား ချေး​ငှား​တတ်​သည်​ဖြစ်၍၊ သူ၏​သား​မြေး​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ၏။

ငွေ​ရ​တတ်​သော​သူ​သည် ဆင်း​ရဲ​သော​သူ​ကို အ​စိုး​ရ၏။ ချေး​ငှား​ယူ​သော​သူ​သည် ချေး​ငှား​ပေး​သော​သူ၌ ကျွန်​ဖြစ်၏။

သင်​တို့​မူ​ကား ရန်​သူ​တို့​ကို​ချစ်​ကြ​လော့။ ကျေး​ဇူး​ပြု​ကြ​လော့။ တစ်​စုံ​တစ်​ခု​ကို​ရ​မည်​ဟု မျှော်​လင့်​ခြင်း​မ​ရှိ​ဘဲ ချေး​ငှား​ကြ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​အ​ကျိုး​ကြီး​လိမ့်​မည်။ အ​မြင့်​ဆုံ​သော​ဘု​ရား၏​သား ဖြစ်​ကြ​လိမ့်​မည်။-

ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တို့​ကို ကျင့်​မည်​အ​ကြောင်း စောင့်​ရှောက်​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို စေ့​စေ့​နား​ထောင်​လော့။

သူ​သည် သင့်​အား​ချေး​ငှား​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်​မူ​ကား၊ သူ့​အား​ချေး​ငှား​သော​အ​ခွင့် မ​ရှိ​ရ။ သူ​သည်​ခေါင်း​ဖြစ်၍၊ သင်​သည် အ​မြီး​ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ