Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 15:5

Judson Bible

ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တို့​ကို ကျင့်​မည်​အ​ကြောင်း စောင့်​ရှောက်​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို စေ့​စေ့​နား​ထောင်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

တ​ရား​တော်​အား​ဖြင့် ကိုယ်​တော်၏​ကျွန်​သည် သ​တိ​ရ၍၊ တ​ရား​စောင့်​ခြင်း​အ​ကျိုး​သည် ကြီး​လှ​ပါ၏။

သင်၌​ဆင်း​ရဲ​သား​မ​ရှိ​စေ​ခြင်း​ငှာ၊ ထို​သို့​ပြု​ရ​မည်။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မွေ​ခံ​ဖို့​ရာ အ​ပိုင်​ပေး​တော်​မူ​သော​ပြည်၌ သင့်​ကို​အ​လွန် ကောင်း​ချီး​ပေး​တော်​မူ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သင်​သည် လူ​မျိုး​များ​တို့​အား ချေး​ငှား​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်။ သူ​တို့​သည် သင့်​အား ချေး​ငှား​သော​အ​ခွင့်​မ​ရှိ​ရ။ သင်​သည် လူ​မျိုး​များ​တို့​ကို အ​စိုး​ပိုင်​ရ​လိမ့်​မည်။ သူ​တို့​သည် သင့်​ကို အ​စိုး​မ​ပိုင်​ရ​ကြ။

မ​သာ​အ​မှု​ကို ဆောင်​စဉ်​အ​ခါ ထို​ဥ​စ္စာ​ကို အ​ကျွန်ုပ်​မ​စား​ပါ။ မ​စင်​ကြယ်​သော အ​သုံး​အ​ဆောင်​ဖို့ အ​နည်း​ငယ်​ကို​မျှ မ​ယူ​ပါ။ သေ​သော​သူ​တို့​အ​ဖို့ အ​နည်း​ငယ်​ကို​မျှ မ​ပေး​ပါ။ အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​ထောင်​ပါ​ပြီ။ ကိုယ်​တော်​မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း ပြု​ပါ​ပြီ။

သင်​တို့​သည်၊ ဟော​ရပ်​အ​ရပ်​မှာ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ​သော​အ​ခါ၊ ကိုယ်​တိုင်​မြင်​သော အ​မှု​အ​ရာ​တို့​ကို မ​မေ့​မ​လျော့။ နောက်​တစ်​သက်​လုံး နှ​လုံး​သွင်း​နိုင်​မည်​အ​ကြောင်း ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။ ကိုယ်​စိတ်​နှ​လုံး​ကို​ကြိုး​စား၍ စောင့်​ရှောက်​ကြ​လော့။ ထို​အ​ရာ​တို့​ကို သား​မြေး​တို့​အား​လည်း သွန်​သင်​ကြ​လော့။

ငါ​ပေး​ထား​သော ပ​ညတ်​တ​ရား​တော်​ရှိ​သ​မျှ​တို့​ကို တစ်​သက်​လုံး စောင့်​ရှောက်​မည်​အ​ကြောင်း​နှင့် သင်​တို့၏​အ​သက်​တာ ရှည်​စေ​မည်​အ​ကြောင်း၊ သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌​ကျင့်​ဖို့​ရာ သင်​တို့​အား ငါ​သွန်​သင်​စိမ့်​သော​ငှာ၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ဟူ​မူ​ကား၊

သင်​တို့​သည် ရန်​သူ​များ​ကြောင့် အ​လျှင်း မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​ဘဲ၊ တစ်​ပါး​တည်း​သော စိတ်​ဝိ​ညာဉ်၌ တည်၍၊ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့်​ဆိုင်​သော ယုံ​ကြည်​ခြင်း​အ​ဖို့ အ​လို​ငှာ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား​အား ထုတ်​ကြ​သည် အ​ကြောင်း​အ​ရာ​ကို၊ ငါ​ရောက်​လျှင် သင်​တို့​နှင့် မျက်​မှောက်​တွေ့​သည်​ဖြစ်​စေ၊ ကွာ​လျက်​နေ​သည်​ဖြစ်​စေ၊ ငါ​ကြား​သိ​ရ​ပါ​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် အ​ထိုက်​အ​လျောက် ဝတ်​ကြီး​ဝတ်​ငယ်​များ​ကို ပြု၍​သာ​နေ​ကြ​လော့။-

သို့​ဖြစ်၍ ငါ၏​ကျွန်​မော​ရှေ​မှာ​ထား​သော တ​ရား​အ​တိုင်း​ကျင့်​မည်​ဟု စောင့်​ရှောက်​ခြင်း​ငှာ အား​ယူ၍ အ​လွန်​ရဲ​ရင့်​ခြင်း​ရှိ​လော့။ ကြံ​စည်​လေ​သ​မျှ​တို့၌ အောင်​မည်​အ​ကြောင်း ထို​တ​ရား​လမ်း​သို့ လိုက်​လော့။ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ