Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 15:4

Judson Bible

သင်၌​ဆင်း​ရဲ​သား​မ​ရှိ​စေ​ခြင်း​ငှာ၊ ထို​သို့​ပြု​ရ​မည်။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မွေ​ခံ​ဖို့​ရာ အ​ပိုင်​ပေး​တော်​မူ​သော​ပြည်၌ သင့်​ကို​အ​လွန် ကောင်း​ချီး​ပေး​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​အိမ်​နီး​ချင်း​ကို မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ရှိ၏။ ဆင်း​ရဲ​သော​သူ​ကို သ​နား​သော​သူ​မူ​ကား၊ မင်္ဂ​လာ​ရှိ၏။

ဆင်း​ရဲ​သား​တို့​အား စွန့်​ကြဲ​သော​သူ​သည် ကိုယ်​တိုင်​မ​ဆင်း​ရဲ​ရာ။ လွှဲ​ရှောင်​သော​သူ​မူ​ကား၊ များ​စွာ​သော​ကျိန်​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

သင်​တို့​နှင့်​ရော၍ အ​ဖို့​မ​ရှိ၊ အ​မွေ​ကို မ​ခံ​ရ​သော လေ​ဝိ​သား၊ သင်​တို့​နေ​ရာ​အ​ရပ်၌​ရှိ​သော တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​များ​တို့​သည် လာ၍ ဝ​စွာ​စား​ရ​ကြ​မည်။ သို့​ဖြစ်​လျှင် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။

ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တို့​ကို ကျင့်​မည်​အ​ကြောင်း စောင့်​ရှောက်​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို စေ့​စေ့​နား​ထောင်​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ပေး​ခြင်း​ငှာ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ ဥ​စ္စာ​ပ​စ္စည်း၊ သား​သ​မီး၊ တိ​ရ​စ္ဆာန်​အ​တိုး​အ​ပွား၊ မြေ​အ​သီး​အ​နှံ​များ​ကို ကြွယ်​ဝ​စေ​တော်​မူ​မည်။

ထို​အ​ခါ ငါ​က၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဤ​မြေ​ကို သင်​တို့​အား​အ​ပိုင်​ပေး​တော်​မူ​ပြီ။ သို့​ရာ​တွင် စစ်​တိုက်​တတ်​သော​သူ​အ​ပေါင်း​တို့​သည် လက်​နက်​ကို​ကိုင်၍၊ သင်​တို့​ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ကူး​သွား​ရ​ကြ​မည်။

ထို​မှ​တစ်​ပါး၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​တွက် ငါ့​ကို​အ​မျက်​တော်​ထွက်၍၊ ငါ​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ မ​ကူး​ရ​မည်​အ​ကြောင်း​နှင့် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​မွေ​ခံ​စ​ရာ​ဖို့​ပေး​တော်​မူ​သော ထို​ပြည်​မြတ်​သို့ မ​ဝင်​စား​ရ​မည်​အ​ကြောင်း ကျိန်​ဆို​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ