Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 14:8

Judson Bible

ဝက်​သည် ခွာ​ကွဲ​ပြား​သော်​လည်း၊ စား​မြုံ့​မ​ပြန်​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။ အ​သား​ကို မ​စား​ရ။ အ​သေ​ကောင်​ကို​လည်း မ​ထိ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်္ချိုင်း​မှာ​နေ၍၊ သင်္ချိုင်း​တွင်း၌ အိပ်​တတ်၏။ ဝက်​သား​ကို​စား၍၊ ရွံ​ရှာ​ဖွယ်​သော အ​မဲ​သား​ပြုတ်​ရည်​ကို​သောက်​တတ်​၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ဝက်​သား၊ ကြွက်​သား၊ ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို​စား​လျက်၊ ဥ​ယျာဉ်​တို့​တွင် အ​လယ်၌​ရှိ​သော သူ​တစ်​ယောက်​နောက်​သို့ လိုက်၍၊ မိ​မိ​တို့​ကို သန့်​ရှင်း​စင်​ကြယ်​စေ​သော သူ​တို့​သည် တစ်​ပြိုင်​နက်​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ သူ​တို့၏​အ​ကျင့်​တို့​ကို​လည်း​ကောင်း အ​ကြံ​အ​စည်​တို့​ကို​လည်း​ကောင်း ငါ​သိ၏။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​နှင့် တူ၏။ သိုး​သ​ငယ်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် ခွေး​လည်​ပင်း​ကို ဖြတ်​သော​သူ​နှင့်​တူ၏။ အ​လှူ​ဒါ​န​ကို လှူ​ဒါန်း​သော​သူ​သည် ဝက်​သွေး​ကို လှူ​ဒါန်း​သော​သူ​နှင့် တူ၏။ လော​ဗန်​ကို မီး​ရှို့​သော​သူ​သည် ရုပ်​တု​ကို ကောင်း​ချီး​ပေး​သော​သူ​နှင့် တူ၏။ အ​ကယ်​စင်​စစ် ထို​သူ​တို့​သည် မိ​မိ​အ​လို​ရှိ​ရာ​လမ်း​ကို ရွေး​ကြ၏။ မိ​မိ​ဆိုး​ညစ်​သော အ​မှု​တို့၌ မွေ့​လျော်​ကြ​၏။

ခွာ​ကွဲ​ပြား၍​စား​မြုံ့​ပြန်​သော​သား​များ​ကို သင်​တို့​သည် စား​ရ​သော​အ​ခွင့်​ရှိ၏။

တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မ​စင်​ကြယ်​သော သား​ရဲ၊ သား​ယဉ်၊ တွား​တတ်​သော တိ​ရ​စ္ဆာန်၏​အ​သေ​ကောင်​အ​စ​ရှိ​သော မ​စင်​ကြယ်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​ကို အ​မှတ်​တ​မဲ့​ထိ​မိ​သ​ဖြင့်၊ မ​စင်​ကြယ်​ရာ​သို့​ရောက်၍ အ​ပြစ်​ရှိ​သော်​လည်း​ကောင်း၊

သို့​သော်​လည်း စား​မြုံ့​ပြန်​သော​သား၊ ခွာ​ကွဲ​ပြား​သော​သား​တို့​တွင် မ​စား​ရ​သော သား​ဟူ​မူ​ကား၊ ကု​လား​အုတ်၊ အာ​ရ​န​ဘက်၊ ရှာ​ဖန်​တို့​သည် စား​မြုံ့​ပြန်​သော်​လည်း၊ ခွာ​မ​ကွဲ​ပြား​သော​ကြောင့် သင်​တို့၌ မ​စင်​ကြယ်။

ရေ၌​နေ​သော တိ​ရ​စ္ဆာန်​တ​ကာ​တို့​တွင် အ​ယက်​နှင့်​အ​ကြေး​ရှိ​သော တိ​ရ​စ္ဆာန်​ကို​သာ စား​ရ၏။

ခွေး​သည် မိ​မိ​အန်​ဖတ်​ကို ပြန်၍​စား၏။ ဝက်​သည်​လည်း ဆေး​ပြီး​မှ ရွှံ့​တွင်​လူး​ပြန်၏​ဟု မှန်​သော စ​ကား​ပုံ​သည် ထို​သူ​တို့၌ ပြည့်​စုံ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ