တတိယနှစ်တွင် သိမ်းသောအသီးအနှံ ဆယ်ဖို့တစ်ဖို့ရှိသမျှကို ထုတ်၍ မြို့ထဲမှာ သိုထားရမည်။
ယုဒမြို့တို့၌နေသော ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည်လည်း၊ သိုးနွား ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ သူတို့၏ ဘုရားသခင်ထာဝရဘုရားအားပူဇော်၍ သန့်ရှင်းသောဥစ္စာ ဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း ဆောင်ခဲ့၍ အသီးအသီး ပုံထားကြ၏။
ဗေသလမြို့သို့သွား၍ ပြစ်မှားကြလော့။ ဂိလဂါလမြို့သို့လည်း သွား၍ များစွာသောပြစ်မှားခြင်းကို ပြုကြလော့။ နံနက်တိုင်း ပူဇော်သောယဇ်ကိုလည်းကောင်း၊ သုံးနှစ်တစ်ခါ ဥစ္စာဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း ဆောင်ခဲ့ကြလော့။
လယ်ယာ၌ တစ်နှစ်တစ်နှစ်တွင်သိမ်းရသော အသီးအနှံဆယ်ဖို့တစ်ဖို့ကို အမှန်ခွဲထားရမည်။