Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 14:23

Judson Bible

သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​မှ​စ၍၊ သိုး၊ နွား​တွင် အ​ဦး​ဖွား​သော သား​ငယ်​ဆယ်​ဖို့​တစ်​ဖို့​ကို ရှေ့​တော်​မှာ စား​ရ​ကြ​မည်။ ထို​သို့​ပြု​လျှင်၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​ကြောက်​ရွံ့​ရ​မည်​အ​ကြောင်း၊ သင်​ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​သ​မျှ​သော​သူ​တို့​သည် ကောင်း​သော​ဉာဏ်​ရှိ​ကြ၏။ ဂုဏ်​အ​သ​ရေ​တော်​သည် အ​စဉ်​အ​မြဲ တည်​သ​တည်း။

ကြောက်​ရွံ့​သော​သူ​နှင့် က​ရု​ဏာ​တော်​ကို​မျှော်​လင့်​သော​သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ၏။

ကြောက်​ရွံ့​သော​စိတ်​နှင့် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို​ထမ်း​ရွက်၍၊ တုန်​လှုပ်​ခြင်း​နှင့် ဝမ်း​မြောက်​ကြ​လော့။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကို ရို​သေ​ခြင်း​ရှိ​ကြ​လော့။ ထို​ဘု​ရား​ကို​သာ ကြောက်​ရွံ့​ခြင်း၊ ထိတ်​လန့်​ခြင်း ရှိ​ကြ​လော့။

သူ​တို့​သည် ငါ၏​လူ​ဖြစ်​ကြ​လိမ့်​မည်။ ငါ​သည်​လည်း သူ​တို့၏ ဘု​ရား​သ​ခင် ဖြစ်​မည်။

အ​ဦး​နယ်​သော​မုန့်​စိမ်း​ဖြင့် လုပ်​သော​မုန့်​ပြား​ကို ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ပြု၍ ကောက်​နယ်​တ​လင်း​ထဲ​က ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ကို ပြု​သ​ကဲ့​သို့ ချီ​မြှောက်​ရ​မည်။

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

သင်​တို့​အ​မျိုး​တစ်​မျိုး​တွင် ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ငါ​မှာ​ထား​သ​မျှ​တို့​ကို ပြု​ရ​ကြ​မည်။

ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က၊ လူ​များ​တို့​ကို ငါ့​ထံ​မှာ​စု​ဝေး​စေ​လော့။ သူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သ​မျှ​သော​ကာ​လ​ပတ်​လုံး ငါ့​ကို​ကြောက်​ရွံ့၍ သား​မြေး​တို့​အား သွန်​သင်​စေ​ခြင်း​ငှာ၊ ငါ့​စ​ကား​ကို​ကြား​စေ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ