Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 14:22

Judson Bible

လယ်​ယာ၌ တစ်​နှစ်​တစ်​နှစ်​တွင်​သိမ်း​ရ​သော အ​သီး​အ​နှံ​ဆယ်​ဖို့​တစ်​ဖို့​ကို အ​မှန်​ခွဲ​ထား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ပေး​သ​နား​တော်​မူ​သ​မျှ​တို့​ကို ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​ပါ​မည်​ဟူ၍ သ​စ္စာ​ပြု​လေ၏။

အ​သီး​အ​နှံ​ကို​ရ​သော​အ​ခါ၊ ငါး​ဖို့​တွင်​တစ်​ဖို့​ကို ဖာ​ရော​မင်း​အား​ဆက်​ရ​ကြ​မည်။ လေး​ဖို့​ကို​ကား သင်​တို့​ယူ၍ နောက်​တစ်​ဖန်​မျိုး​စေ့​ကို ကြဲ​ကြ​လော့။ သင်​တို့​စား၍ အိမ်​သား​များ၊ သူ​ငယ်​များ​တို့​ကို​ကျွေး​ကြ​လော့​ဟု ပြည်​သား​တို့​အား​ဆို၏။

ထို​ကြောင့် ဖာ​ရော​မင်း​မ​ပိုင်​သော ယဇ်​ပု​ရော​ဟိတ်​တို့​မြေ​ကို​ထား၍၊ ဖာ​ရော​မင်း​သည် ငါး​ဖို့​တွင်​တစ်​ဖို့​ကို​ပိုင်​တော်​မူ​စေ​ဟု ယ​နေ့​တိုင်​အောင် အဲ​ဂု​တ္တု​ပြည်၌​တည်​သော​ဓ​မ္မ​သတ်​ကို ယော​သပ်​စီ​ရင်၍​ထား​သ​တည်း။

အ​ဦး​လုပ်​သော မုန့်​စိမ်း၊ ပူ​ဇော်​သ​ကာ၊ သစ်​သီး​အ​မျိုး​မျိုး၊ စ​ပျစ်​ရည်၊ ဆီ​ကို ယဇ်​ပု​ရော​ဟိတ်​တို့​ရှိ​ရာ ဗိ​မာန်​တော်​အ​ခန်း​သို့​လည်း​ကောင်း၊ လယ်​လုပ်​သော မြို့​ရွာ​ရှိ​သ​မျှ​တို့၌ မြေ​အ​သီး​အ​နှံ ဆယ်​ဖို့​တစ်​ဖို့​ကို လေ​ဝိ​သား​တို့​ထံ​သို့​လည်း​ကောင်း၊ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း စီ​ရင်​ထုံး​ဖွဲ့​ကြ၏။

လေ​ဝိ​သား​တို့​သည် ဆယ်​ဖို့​တစ်​ဖို့​ကို ခံ​ယူ​သော​အ​ခါ၊ အာ​ရုန်​အ​မျိုး ယဇ်​ပု​ရော​ဟိတ်​ရှိ​ရ​မည်။ လေ​ဝိ​သား​တို့​သည်​လည်း ဆယ်​ဖို့​တစ်​ဖို့​ထဲ​က ဆယ်​ဖို့​တစ်​ဖို့​ကို နုတ်​ယူ၍ ဗိ​မာန်​တော်​အ​ခန်း ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း​ရ​ကြ​မည်။

ဆယ်​ဖို့​တစ်​ဖို့​ရှိ​သ​မျှ​ကို ဘ​ဏ္ဍာ​တိုက်​ထဲ​သို့ သွင်း၍၊ ငါ့​အိမ်​တော်၌ စား​စ​ရာ​ရှိ​စေ​ခြင်း​ငှာ ပြု​ကြ​လော့။ ငါ​သည် မိုး​ကောင်း​ကင်​ပြတင်း​ပေါက်​တို့​ကို​ဖွင့်၍ ကောင်း​ကြီး​မင်္ဂ​လာ​ကို အ​ကုန်​အ​စင်​သွန်း​လောင်း​မည် မ​သွန်း​လောင်း​မည်​ကို ထို​သို့ စုံ​စမ်း​ကြ​လော့​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ဦး​နယ်​သော​မုန့်​စိမ်း​ဖြင့် လုပ်​သော​မုန့်​ပြား​ကို ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ပြု၍ ကောက်​နယ်​တ​လင်း​ထဲ​က ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ​ကို ပြု​သ​ကဲ့​သို့ ချီ​မြှောက်​ရ​မည်။

လေ​ဝိ​သား​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​သော​ကြောင့်၊ သူ​တို့​အ​မွေ​ခံ​စ​ရာ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၏ ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို ငါ​ပေး​ပြီ။

ထို​ကြွင်း​သော​အ​ဖို့​ကို၊ ကိုယ်​တိုင်​မှ​စ၍ အိမ်​သူ​အိမ်​သား​တို့​သည် စား​ချင်​သော​အ​ရပ်​ရပ်၌ စား​ရ​သော​အ​ခွင့်​ရှိ၏။ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ အ​မှု​စောင့်​သော​အ​တွက် ငါ​ချ​သော​ဆု​ဖြစ်၏။

စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ဆယ်​ဖို့​တွင် ပူ​ဇော်​သော​တစ်​ဖို့၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်၊ သ​စ္စာ​က​တိ​နှင့်​ဆိုင်​သော ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ တစ်​စုံ​တစ်​ခု​ကို​မျှ၊ သင်​တို့​သည် ကိုယ်​နေ​ရာ​အ​ရပ်၌ မ​စား​ရ​ကြ။

ထို​အ​ရပ်​သို့ သင်​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​နှင့် ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​စ၍၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ