အတောင်ရှိလျက် တွားတတ်သော တိရစ္ဆာန်ရှိသမျှတို့သည် သင်တို့၌ မစင်ကြယ်သည်ဖြစ်၍ အသားကို မစားရ။
တစ်ဖန်ဘုရားသခင်က၊ အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုးကောင်းကင်မျက်နှာကြက်ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။
တောငန်း၊ ဒုံးစပ်မျိုး၊ ဒုံးကုလား၊ လင်းနို့မှစ၍၊
စင်ကြယ်သော ငှက်အမျိုးမျိုးကို စားရသော အခွင့်ရှိ၏။
ထိုသူတို့သည် ပျက်စီးခြင်း၌ လမ်းဆုံးတတ်ကြ၏။ သူတို့၏ ဘုရားမူကား၊ မိမိတို့ဝမ်းပေတည်း။ မိမိတို့ ရှက်ကြောက်ဖွယ်သော အကျင့်၌သာ မိမိတို့ဝါကြွားကြ၏။ လောကီအရာတို့ကိုသာ စိတ်စွဲလမ်းခြင်းရှိကြ၏။-