Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 13:18

Judson Bible

ယ​နေ့ ငါ​မှာ​ထား​သည်​အ​တိုင်း သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်၍ ပ​ညတ်​တော်​အ​လုံး​စုံ​တို့​ကို ကျင့်​သ​ဖြင့်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​ပြု​သော​အ​ခါ၊ ရှေး​က​တိ​တော်​အ​တိုင်း ပြု​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​အား​အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​ကို​လည်း ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပွား​များ​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် ရန်​သူ​တို့၏​မြို့​တံ​ခါး​များ​ကို အ​စိုး​ရ​လိမ့်​မည်။

အ​ကျွန်ုပ်​သည် ပ​ညတ်​တော်​အ​လုံး​စုံ​တို့​ကို ထောက်​ထား​သော​အ​ခါ၊ ရှက်​ကြောက်​ခြင်း​နှင့် ကင်း​လွတ်​ရ​ပါ​၏။

ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်ဖြောင့်​မတ်​ခြင်း​တ​ရား​တော်​ကို ရှေ့​ဦး​စွာ​ရှာ​ကြ​လော့။ နောက်​မှ ထို​အ​ရာ​များ​ကို ထပ်၍​ပေး​တော်​မူ​လ​တ္တံ့။-

သ​ခင်၊ သ​ခင်​ဟု ငါ့​ကို​လျှောက်​သော​သူ​တိုင်း ကောင်း​ကင်​နိုင်​ငံ​တော်​သို့ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်၏​အ​လို​ကို ဆောင်​သော​သူ​သာ​လျှင် ဝင်​ရ​လိမ့်​မည်။-

အ​ကြင်​သူ​သည် ငါ​ဟော​ပြော​သော ဤ​စ​ကား​ကို ကြား၍​နား​ထောင်၏။ ထို​သူ​သည် ကျောက်​ပေါ်​မှာ အိမ်​ဆောက်​သော ပ​ညာ​ရှိ​နှင့် တူ​ကြောင်း​ကို ငါ​ပုံ​ပြ​မည်။-

သင်​သည် ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​ဖွယ်​သော​အ​မှု​ကို ပြု​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ သား​မြေး​တို့​သည် ချမ်း​သာ​စွာ​နေ​ရ​မည်​အ​ကြောင်း၊ အ​သွေး​ကို​ရှောင်​ရ​မည်။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​မြတ်​နိုး​တော်​မူ​ဖွယ်​သော​အ​မှု​ကို ပြု​သ​ဖြင့်၊ ကိုယ်​တိုင်​မှ​စ၍ သား​မြေး​အ​စဉ်​အ​ဆက်​တို့​သည် ချမ်း​သာ​စွာ နေ​ရ​မည်​အ​ကြောင်း၊ ငါ​မှာ​ထား​သ​မျှ​သော ဤ​စ​ကား​တို့​ကို​စေ့​စေ့​နား​ထောင်၍ စောင့်​ရှောက်​လော့။

ငါ​မှာ​ထား​သ​မျှ​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​လော့။ ထပ်၍ မ​ပို​ရ၊ နုတ်၍ မ​လျော့​စေ​ရ။

ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​အ​ရှိန်​ကို​ငြိမ်း​စေ၍၊ သင်၏​ဘိုး​ဘေး​တို့​အား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင့်​ကို ကယ်​မ​သ​နား​တော်​မူ​သ​ဖြင့် များ​ပြား​စေ​တော်​မူ​မည်​အ​ကြောင်း၊ ကျိန်​အပ်​သော​ဥ​စ္စာ တစ်​စုံ​တစ်​ခု​ကို​မျှ မ​သိမ်း​မ​ယူ​ဘဲ၊ အ​လုံး​စုံ​တို့​ကို စွန့်​ပစ်​ရ​မည်။

သင်​တို့​သည် သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သား​ဖြစ်​ကြ၏။ သေ​သော​သူ​အ​တွက် အ​သား​ကို​မ​ခုတ်​မ​ရှ​ရ။ မျက်​မှောင်​ကြား​မှာ အ​မွေး​ကို​မ​ရိတ်​ရ။

စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို သင့်​အိမ်​ထဲ​သို့​မ​သွင်း​ရ။ သွင်း​လျှင်၊ သင်​သည် ထို​အ​ရာ​ကဲ့​သို့ ကျိန်​အပ်​သော​အ​ရာ​ဖြစ်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ ထို​သို့​သော​အ​ရာ​ကို သင်​သည် အ​ကြွင်း​မဲ့​စက်​ဆုပ်​ရွံ​ရှာ​ရ​မည်။ ကျိန်​အပ်​သော​အ​ရာ​ပင် ဖြစ်​ပေ၏။

သူ့​အ​ပေါ်၌ များ​စွာ​သော​ကျောက်​တို့​ကို ပုံ​ထား​ကြ၍ ယ​နေ့​တိုင်​အောင်​ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည်​လည်း အ​မျက်​တော်​အ​ရှိန်​ကို ငြိမ်း​စေ​တော်​မူ၏။ ထို​အ​မှု​ကို​အ​စွဲ​ပြု၍ ထို​ချိုင့်​ကို ယ​နေ့​တိုင်​အောင် အာ​ခေါ်​ချိုင့်​ဟု ခေါ်​ဝေါ်​ကြ​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ