Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 13:13

Judson Bible

အ​ခြား​တစ်​ပါး​သော​ဘု​ရား​ထံ​သို့ သွား၍ ဝတ်​ပြု​ကြ​စို့​ဟု ပြော​ဆို​လျက်၊ သူ​တို့​မြို့​သူ​မြို့​သား​တို့​ကို သွေး​ဆောင်​ကြောင်း​ကို၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​နေ​စ​ရာ​ဖို့​ပေး​တော်​မူ​သော မြို့​တစ်​စုံ​တစ်​မြို့၌ သင်​သည် သ​တင်း​ကြား​လျှင်၊ ထို​အ​မှု​ကို စေ့​စေ့​မေး​မြန်း စစ်​ကြော​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ရှိ​မိ​ကျိန်​ဆဲ​သော​စ​ကား​ဟူ​မူ​ကား၊ သွား​ဟဲ့၊ သွား​ဟဲ့။ လူ​အ​သက်​ကို သတ်​သော​အ​ဓ​မ္မ​လူ၊

ထို​အ​ခါ ဗင်္ယာ​မိန်​အ​မျိုး ဗိ​ခ​ရိ၏​သား​ရှေ​ဘ အ​မည်​ရှိ​သော အ​ဓ​မ္မ​လူ​တစ်​ယောက်​ရှိ၏။ ထို​သူ​သည် တံ​ပိုး​မှုတ်၍၊ အို​ဣ​သ​ရေ​လ အ​မျိုး၊ ငါ​တို့​သည် ဒါ​ဝိဒ်၌​တစ်​ဖို့​ကို​မျှ မ​ဆိုင်။ ယေ​ရှဲ၏​သား​ကို အ​မွေ​မ​ခံ​ထိုက်။ လူ​အ​ပေါင်း​တို့၊ ကိုယ်​နေ​ရာ​သို့ သွား​ကြ​ဟု​ဆို​သ​ဖြင့်၊

အ​ဓ​မ္မ​လူ​အ​ပေါင်း​တို့​မူ​ကား လက်​နှင့်​မ​ကိုင်​သာ၊ ပယ်​ရှား​ရ​သော ဆူး​ပင်​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။

သူ့​ရှေ့​မှာ အ​ဓ​မ္မ​လူ​နှစ်​ယောက်​ကို​ထား၍၊ သင်​သည် ဘု​ရား​သ​ခင်​နှင့် ရှင်​ဘု​ရင်​ကို​စွန့်​ပယ်​ပြီ​ဟု သက်​သေ​ခံ​ပါ​လေ​စေ။ သို့​ပြီး​မှ သူ့​ကို​ထုတ်၍ သေ​စေ​ခြင်း​ငှာ ကျောက်​ခဲ​နှင့်​ပစ်​ကြ​လော့​ဟု ပါ​သ​တည်း။

အ​ဓ​မ္မ​လူ​နှစ်​ယောက်​သည်​လာ၍ သူ့​ရှေ့​မှာ​ထိုင်​လျက်၊ နာ​ဗုတ်​သည် ဘု​ရား​သ​ခင်​နှင့်​ရှင်​ဘု​ရင်​ကို စွန့်​ပယ်​ပြီ​ဟု လူ​များ​ရှေ့​တွင် နာ​ဗုတ်​တစ်​ဖက်၌ သက်​သေ​ခံ​ကြ​လျှင်၊ နာ​ဗုတ်​ကို မြို့​ပြင်​သို့​ထုတ်၍ သေ​အောင် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​ကို ဒါ​ဝိဒ်​မင်း​မျိုး​မှ​ဆုတ်​ဖဲ့၍၊ သူ​တို့​သည် နေ​ဗတ်၏​သား​ယေ​ရော​ဗောင်​ကို ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ကြ၏။ ယေ​ရော​ဗောင်​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့​လိုက်​ရာ​လမ်း​မှ ဣ​သ​ရေ​လ​အ​မျိုး​ကို လွှဲ​စေ၍ ဒု​စ​ရိုက်​ကြီး​ကို ပြု​စေ၏။

ရှော​လ​မုန်​သား​ရော​ဗောင်​သည် အ​သက်​ငယ်၍ သ​ဘော​နူး​ညံ့​သော​ကြောင့်၊ မ​ဆီး​တား​နိုင်​သော​အ​ခါ၊ လျှပ်​ပေါ်​သော​သူ၊ အ​ဓ​မ္မ​လူ​တို့​သည် ယေ​ရော​ဗောင်​ထံ​မှာ စု​ဝေး၍၊ ရော​ဗောင်​မင်း​တစ်​ဖက်၌ ကိုယ်​ကို ခိုင်​ခံ့​စေ​ကြ၏။

သင်​တို့​သည် သင်​တို့​အ​ဘ​တည်း​ဟူ​သော မာရ်​နတ်​မှ​ဆင်း​သက်​ကြ၏။ သင်​တို့​အ​ဘ၏​အ​လို​သို့​လည်း လိုက်​တတ်​ကြ၏။ မာရ်​နတ်​သည် ရှေ့​ဦး​စွာ​မှ​စ​၍ လူ​အ​သက်​ကို​သတ်​သော​သူ ဖြစ်၏။ သူ၌​သ​စ္စာ​တ​ရား​မ​ရှိ​သော​ကြောင့် သ​စ္စာ​တ​ရား၌ မ​တည်​မ​နေ။ သူ​သည် မု​သား​စ​ကား​ကို​ပြော​သော​အ​ခါ မိ​မိ​ပ​က​တိ​အ​တိုင်း​ပြော၏။ မု​သား​စ​ကား၌ ကျင်​လည်​သော​သူ​ဖြစ်၏။ မု​သား​၏​အ​ဘ​လည်း ဖြစ်၏။-

ခ​ရစ်​တော်​သည် ဗေ​လျာ​လ နှင့် အ​ဘယ်​သို့ သင့်​တင့်​နိုင်​မည်​နည်း။ ယုံ​ကြည်​သော​သူ​သည် မ​ယုံ​ကြည်​သော​သူ​နှင့်​အ​တူ အ​ဘယ် အ​ကျိုး​အ​ပြစ်​ကို ခံ​ရ​မည်​နည်း။-

အ​ဓ​မ္မ​လူ​တို့​သည် သင်​တို့​အ​ထဲ​က​ထွက်၍၊ သင်​တို့​မ​သိ​သော၊

သ​တင်း​ကြား​သည်​အ​တိုင်း ထင်​ရှား​စွာ ဧ​ကန်​မှန်၍၊ ထို​သို့​သော စက်​ဆုပ်​ဖွယ်​အ​မှု​ကို သင်​တို့​တွင် အ​မှန်​ပြု​မိ​လျှင်၊

သင်​တို့​မ​သိ​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​ကို ဆည်း​ကပ်၍ ဝတ်​ပြု​ကြ​စို့​ဟု ပြော​ဆို​လျက်၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​ကို​ပေး၍၊ ထို​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​သည် ပြည့်​စုံ​သော်​လည်း၊

သင်၏​ညီ​အစ်​ကို​ရင်း၊ သင်၏​သား​သ​မီး၊ သင်၏​ရင်​ခွင်၌​နေ​သော​မ​ယား၊ ကိုယ်​ကဲ့​သို့​မှတ်​တတ်​သော အ​ဆွေ​ခင်​ပွန်း တစ်​စုံ​တစ်​ယောက်​က၊ သွား​ကြ​စို့။ သင်​လည်း မ​သိ၊ ဘိုး​ဘေး​တို့​လည်း​မ​သိ​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား၊

သင်​သည် သ​တင်း​ကြား၍ စေ့​စေ့​မေး​မြန်း​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး၌ ထို​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​မှု​ကို ပြု​မိ​သည်​မှန်​လျှင်၊

မိုး​ကောင်း​ကင်​ကို​မျှော်၍၊ နေ၊ လ၊ ကြယ်​များ​တည်း​ဟူ​သော မိုး​ကောင်း​ကင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို မြင်​သော​အ​ခါ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ မိုး​ကောင်း​ကင်​အောက်၌ ရှိ​သ​မျှ​သော​လူ​မျိုး​တို့​အား ဝေ​ငှ​ပေး​ကမ်း​တော်​မူ​သော ထို​တန်​ဆာ​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​စေ​ခြင်း​ငှာ၊ သူ​တစ်​ပါး​တို့​သည် သွေး​ဆောင်၍ မ​ရ​နိုင်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။

ထို​သူ​တို့​သည် ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။ သို့​သော်​လည်း အ​ထက်​က ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြ။ ငါ​တို့​နှင့်​စပ်​ဆိုင်​လျှင် ငါ​တို့​နှင့်​အ​တူ နေ​ကြ​လိမ့်​မည်။ ထို​သူ​အ​ပေါင်း​တို့​သည် ငါ​တို့​နှင့်​မ​စပ်​ဆိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ငါ​တို့​ထံ​မှ ထွက်​သွား​ကြ၏။-

ထို​သို့​သော​လ​က္ခ​ဏာ​အား​ဖြင့် ဘု​ရား​သ​ခင်၏​သား​တို့​နှင့် မာရ်​နတ်၏​သား​တို့​သည် ထင်​ရှား​ကြ၏။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မ​ကျင့်​သော​သူ၊ မိ​မိ​ညီ​အစ်​ကို​ကို မ​ချစ်​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့်​မ​ဆိုင်။

ထို​သူ​တို့​သည် သင်း​ခွဲ​သော​သူ၊ ဝိ​ညာဉ်​တော်​နှင့် ကင်း​သော ဇာ​တိ​ပ​က​တိ​လူ ဖြစ်​ကြ၏။

ထို​သို့ ပျော်​မွေ့​လျက်​နေ​ကြ​သော​အ​ခါ၊ ထို​မြို့​သား အ​ဓ​မ္မ​လူ​အ​ချို့​တို့​သည် အိမ်​ကို​ဝိုင်း၍ တံ​ခါး​ကို​ရိုက်​ကြ၏။ အိမ်​ရှင် လူ​အို​ကို​လည်း​ခေါ်၍၊ သင့်​အိမ်​သို့ ဝင်​သော​ယောက်ျား​နှင့် ငါ​တို့​သည် ဆက်​ဆံ​လို​သည်​ဖြစ်၍၊ ထုတ်​ခဲ့​လော့​ဟု ဆို​ကြ၏။

ယ​ခု​မှာ ဂိ​ဗာ​မြို့၌​ရှိ​သော ထို​အ​ဓ​မ္မ​လူ​တို့​ကို ငါ​တို့​ယူ၍​သတ်​သ​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​မည်​အ​ကြောင်း ထို​လူ​တို့​ကို​အပ်​ကြ​ပါ​ဟု မှာ​လိုက်​ကြ၏။ သို့​ရာ​တွင် ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်၊ ညီ​အစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​စ​ကား​ကို နား​မ​ထောင်​ဘဲ၊

အ​ဓ​မ္မ​လူ​တို့​က၊ ဤ​သူ​သည် ငါ​တို့​ကို အ​ဘယ်​သို့ ကယ်​တင်​လိမ့်​မည်​နည်း​ဟု ဆို​လျက်၊ လက်​ဆောင်​ကို မ​ဆက်​ဘဲ မ​ထီ​မဲ့​မြင်​ပြု​သော်​လည်း၊ ရှော​လု​သည် အ​မှု​မ​ထား​ဘဲ​နေ၏။

ဧ​လိ၏​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ၊ အ​ဓ​မ္မ​လူ​ဖြစ်​ကြ၏။

သို့​ဖြစ်၍ သ​ခင်​မ​သည် အ​ဘယ်​သို့​ပြု​သင့်​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ပါ​တော့။ အ​ကျွန်ုပ်​တို့​သ​ခင်​နှင့် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့၌ ဘေး​ပြု​မည်​ဟု စီ​ရင်​ပါ​ပြီ။ သ​ခင်​သည် အ​ဓ​မ္မ​လူ​ဖြစ်​သော​ကြောင့်၊ အ​ဘယ်​သူ​မှ၊ မ​ပြော​မ​လျှောက်​ဝံ့​ပါ​ဟု ဆို​လေ​သော်၊

ကိုယ်​တော်၏​ကျွန်​မ​စ​ကား​ကို နား​ညောင်း​တော်​မူ​ပါ။ ထို​အ​ဓ​မ္မ​လူ နာ​ဗ​လ​ကို ကျွန်​မ​သ​ခင် မှတ်​တော်​မ​မူ​ပါ​နှင့်။ သူ၏​အ​မည်​သည် သူ၏​သ​ဘော​နှင့် ညီ​ညွတ်​ပါ၏။ သူ၏​အ​မည်​ကား နာ​ဗ​လ။ သူ၏​သ​ဘော​ကား မိုက်​ခြင်း​ဖြစ်​သ​တည်း။ သ​ခင်​စေ​လွှတ်​တော်​မူ​သော လု​လင်​တို့​ကို ကိုယ်​တော်​ကျွန်​မ​သည် မ​မြင်​ရ​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ