Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 13:11

Judson Bible

ထို​သ​တင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကြား၍၊ ထို​သို့​သော အ​ဓ​မ္မ​အ​မှု​ကို သင်​တို့​တွင် နောက်​တစ်​ဖန်​မ​ပြု​ဝံ့​ဘဲ နေ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ​က​လည်း၊ သင်​တို့​သည်​ကျွန်​ခံ​နေ​ရာ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော ဤ​နေ့​ရက်​ကို​အောက်​မေ့​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အား​ကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ထို​ပြည်​မှ​နုတ်​ဆောင်​တော်​မူ​ပြီ။ တ​ဆေး​ပါ​သော​မုန့်​ကို​မ​စား​ရ။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို​ရိုက်​လျှင် ဉာဏ်​တိမ်​သော​သူ​သည် သ​တိ​ရ​လိမ့်​မည်။ ဉာဏ်​ကောင်း​သော​သူ​ကို ဆုံး​မ​လျှင်၊ သူ​သည် ပ​ညာ​တ​ရား​ကို နား​လည်​လိမ့်​မည်။

မ​ထီ​မဲ့​မြင်​ပြု​သော​သူ​သည် အ​ပြစ်​ဒဏ်​ကို ခံ​ရ​သော​အ​ခါ၊ ဉာဏ်​တိမ်​သော​သူ​သည် သ​တိ​ရ​တတ်၏။ သ​တိ​ရ​သော​သူ​သည်​လည်း သွန်​သင်​ခြင်း​ကို​ခံ​သော​အ​ခါ၊ ပ​ညာ​တိုး​ပွား​တတ်၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ မိ​မိ​သား​ကို မော​လုတ်​ဘု​ရား​အား ဆက်​ကပ်​သော​သူ​သည် အ​သေ​သတ်​ခြင်း​ကို​အ​မှန်​ခံ​ရ​မည်။ ပြည်​သား​တို့​လည်း ခဲ​နှင့်​ပစ်​ရ​ကြ​မည်။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည်​ပြင်း​စွာ​သော အ​မျက်​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ​လွဲ​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​မင်း​အ​ပေါင်း​တို့​ကို​ခေါ်၍၊ ပြစ်​မှား​သော​သူ​တို့​ကို ဘု​ရား​ရှေ့​မှာ​ထင်​ရှား​စွာ ဆွဲ​ထား​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

အ​ဓ​မ္မ​လူ​တို့​သည် သင်​တို့​အ​ထဲ​က​ထွက်၍၊ သင်​တို့​မ​သိ​သော၊

ထို​သ​တင်း​ကို လူ​ခပ်​သိမ်း​တို့​သည်​ကြား​လျှင် ကြောက်​ရွံ့​သော​စိတ်​ရှိ​သ​ဖြင့် နောက်​တစ်​ဖန် ရဲ​ရင့်​စွာ မ​ပြု​ဘဲ​နေ​ကြ​လိမ့်​မည်။

ကြွင်း​သော​သူ​တို့​သည်​လည်း ထို​သ​တင်း​ကို​ကြား၍ ကြောက်​သော​ကြောင့်၊ နောက်​တစ်​ဖန် ထို​သို့​သော ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ​နေ​ကြ​လိမ့်​မည်။

မြို့​သား​ယောက်ျား​အ​ပေါင်း​တို့​သည် ထို​သား​ကို ကျောက်​ခဲ​နှင့်​ပစ်၍ အ​သေ​သတ်​ရ​ကြ​မည်။ ထို​သို့ သင်​တို့​တွင် ဒု​စ​ရိုက်​အ​ပြစ်​ကို ပယ်​ရှား​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား၍ ကြောက်​ရွံ့​ခြင်း​ရှိ​ကြ​လိမ့်​မည်။

ကြွင်း​သော​သူ​တို့​သည် ကြောက်​စေ​ခြင်း​ငှာ အ​ပြစ်​ရှိ​သော သူ​တို့​ကို လူ​အ​ပေါင်း​တို့​ရှေ့​မှာ အ​ပြစ်​တင်၍ ဆုံး​မ​လော့။-

ယော​ရှု​က၊ ငါ​တို့​ကို အ​ဘယ်​ကြောင့် နှောင့်​ယှက်​သ​နည်း။ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို နှောင့်​ယှက်​တော်​မူ​မည်​ဟု​ဆို​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ကျောက်​ခဲ​နှင့်​ပစ်​ကြ၏။ ကျောက်​ခဲ​နှင့် ပစ်​ကြ​ပြီး​မှ၊ မီး​ရှို့​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ