ယခုကာလ၊ ဤအရပ်၌ပြုသကဲ့သို့၊ ထိုအရပ်၌ လူတိုင်းကိုယ်ဉာဏ်ကိုလိုက်၍ မပြုရကြ။
လူတို့သည် မိမိတို့ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။
အို ဣသရေလအမျိုး၊ သင်တို့သည် ယဇ်နှင့် ပူဇော်သကာများကို တော၌အနှစ်လေးဆယ်ပတ်လုံး ငါ့အားပူဇော်ကြသလော။
ထိုပန်းပွားတို့ကို သင်တို့သည်ကြည့်မြင်သောအခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက်မေ့၍ကျင့်ကြမည်အကြောင်း၊ အထက်က ကိုယ်အလိုသို့လိုက်လျက်၊ ကိုယ်ဉာဏ်ကိုမှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက်မမှီဝဲ၊
အို ဣသရေလအမျိုး၊ သင်တို့သည် စီရင်သော တိရစ္ဆာန်နှင့် ယဇ်များကို တော၌အနှစ်လေးဆယ်ပတ်လုံး ငါ့အား ပူဇော်ကြသလော။-
ထိုအရပ်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရားသခင် ထာဝရဘုရား ကောင်းချီးပေးတော်မူသဖြင့်၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
သင်တို့၏ ဘုရားသခင်ထာဝရဘုရားပေးတော်မူသော အမွေခံရာချမ်းသာထဲသို့ သင်တို့သည် မဝင်ရကြသေး။
ယောရှုကလည်း၊ လာကြလော့။ သင်တို့ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့ဟု ဣသရေလ အမျိုးသားအပေါင်းတို့ကိုခေါ်လျက်၊
ထိုပြည်မှထွက်လာသော သူအပေါင်းတို့သည် အရေဖျားလှီးမင်္ဂလာကို ခံနှင့်ကြပြီ။ တော၌ ခရီးသွားရာတွင် ဖွားမြင်သောသူအပေါင်းတို့မူကား အရေဖျားလှီးမင်္ဂလာကို မခံရကြသေး။
ထိုကာလ၌ ဣသရေလရှင်ဘုရင် မရှိ။ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။
ထိုကာလ၌ ဣသရေလရှင်ဘုရင် မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း။ တရားသူကြီး မှတ်စာပြီး၏။