Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 12:30

Judson Bible

သူ​တို့​သည် သင့်​ရှေ့​မှာ​ပျက်​စီး​သော​နောက်၊ သူ​တို့​အ​ကျင့်​အ​တိုင်း သင်​ကျင့်၍ အ​ပြစ်​မ​ရောက်​မည်​အ​ကြောင်း၊ ထို​လူ​မျိုး​တို့​သည် သူ​တို့​ဘု​ရား​များ​ကို အ​ဘယ်​သို့​ဝတ်​ပြု​သ​နည်း။ ထို​နည်း​တူ ငါ​ပြု​မည်​ဟု သူ​တို့​ဘု​ရား​ဝတ်​ကို မ​မေး​မြန်း​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

အာ​ခတ်​မင်း​ကြီး​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ဒ​မာ​သက်​မြို့​သို့​သွား၏။ ထို​မြို့​မှာ​ရှိ​သော ယဇ်​ပ​လ္လင်​ကို​မြင်​လျှင်၊ ပ​လ္လင်​ပုံ၊ အ​တိုင်း​အ​ရှည်၊ တန်​ဆာ​ရှိ​သ​မျှ​ကို​ရေး၍ ယဇ်​ပု​ရော​ဟိတ်​ဥ​ရိ​ယ​ထံ​သို့ ပေး​လိုက်၏။

စီ​ရင်​တော်​မူ​ချက်၊ ဘိုး​ဘေး​တို့​နှင့် ဖွဲ့​တော်​မူ​သော​ပ​ဋိ​ညာဉ်၊ သူ​တို့၌ သက်​သေ​ခံ​တော်​မူ​သော သက်​သေ​တို့​ကို​ပယ်၍ အ​န​တ္တ​တ​ရား​ကို ကျင့်​လျက် အ​ချည်း​နှီး​သက်​သက် ဖြစ်​ကြ၏။ အ​ကြင်​တစ်​ပါး​အ​မျိုး​သား​ကျင့်​သ​ကဲ့​သို့ မ​ကျင့်​ကြ​နှင့်​ဟု ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ၏၊ ပတ်​လည်၌​နေ​သော ထို​အ​မျိုး​သား​နောက်​သို့​လိုက်​ကြ၏။

သူ​တို့​ဘု​ရား​များ​ကို ဦး​မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​ဘာ​သာ​အ​တိုင်း မ​ကျင့်​ရ။ သူ​တို့​ကို အ​ကုန်​အ​စင်​မှောက်​လှဲ၍၊ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း ရှင်း​ရှင်း​ဖြို​ဖျက်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သာ​သ​နာ​ပ​လူ​တို့၏​ဘာ​သာ​ဓ​လေ့၌ မ​ကျင်​လည်​ကြ​နှင့်။ သာ​သ​နာ​ပ​လူ​တို့ ထိတ်​လန့်​ကြောက်​တတ်​သော မိုး​ကောင်း​ကင်​နိ​မိတ်​တို့​မှ မ​ထိတ်​လန့် မ​ကြောက်​ကြ​နှင့်။

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငါ၏​တ​ရား​လမ်း​သို့ မ​လိုက်၊ ငါ့​စီ​ရင်​ချက်​တို့​ကို မ​စောင့်၊ သင်​တို့​ပတ်​လည်၌ နေ​သော လူ​မျိုး​တို့၏ ထုံး​စံ​ဓ​လေ့​တို့​ကို​လိုက်​ကြ​ပြီ​ဟု မိန့်​တော်​မူ၏။

သူ​တို့​အား​ပေး​ခြင်း​ငှာ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ဆောင်​သွင်း​သော​အ​ခါ၊ သူ​တို့​သည်​မြင့်​သော​တောင်၊ ထူ​ထပ်​သော သစ်​ပင်​ရှိ​သ​မျှ​တို့​ကို ကြည့်​ရှု၍၊ ထို​အ​ရပ်​တို့၌ ယဇ်​ပူ​ဇော်​ခြင်း၊ ငါ့​အ​မျက်​ကို နှိုး​ဆော်​သော​အ​လှူ​ဒါ​န​ကို​တင်​ခြင်း၊ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ခြင်း၊ အ​ရည်​ပူ​ဇော်​သ​ကာ သွန်း​လောင်း​ခြင်း​တို့​ကို ပြု​ကြ၏။

ငါ​တို့​သည် တစ်​ပါး​အ​မျိုး​သား​ကဲ့​သို့​လည်း​ကောင်း၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​ကို​ဝတ်​ပြု​သော ပြည်​သူ​ပြည်​သား​များ ကဲ့​သို့​လည်း​ကောင်း ဖြစ်​မည်​ဟု၊ သင်​တို့​ကြံ​စည်​သည်​အ​တိုင်း အ​ကြံ​မ​မြောက်​ရ။

သင်​တို့​နေ​ဖူး​သော အဲ​ဂု​တ္တု​ပြည်၏​အ​ကျင့်​ကို​လည်း​ကောင်း၊ သင်​တို့​ကို ငါ​ပို့​ဆောင်​လ​တ္တံ့​သော ခါ​နာန်​ပြည်၏​အ​ကျင့်​ကို​လည်း​ကောင်း၊ သင်​တို့​သည်​မ​ကျင့်၊ သူ​တို့​တ​ရား​လမ်း​သို့ မ​လိုက်​ရ​ကြ။

သို့​ဖြစ်၍ သင်​တို့​ရှေ့၌​ပြု​ဖူး​သော ထို​ရွံ​ရှာ​ဖွယ်​ထုံး​စံ​ဓ​လေ့​သို့ သင်​တို့​သည်​လိုက်၍၊ ကိုယ်​ကို​ကိုယ်​မ​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ငါ့​ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏​ဟု မိန့်​တော်​မူ၏။

ထို​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို နှင်​ထုတ်​ရ​ကြ​မည်။ သူ​တို့​ရေး​သော​အ​ရုပ်၊ သွန်း​သော​ရုပ်​တု​ဆင်း​တု ရှိ​သ​မျှ​တို့​ကို ဖျက်​ရ​ကြ​မည်။ သူ​တို့​လုပ်​သော ကုန်း​ရှိ​သ​မျှ​တို့​ကို ဖြို​ချ​ရ​ကြ​မည်။

သင်​တို့​သည် လော​ကီ​ပုံ​သ​ဏ္ဌာန်​ကို မ​ဆောင်​ကြ​နှင့်။ ကောင်း​မြတ်​သော​အ​ရာ၊ နှစ်​သက်​ဖွယ်​သော​အ​ရာ၊ စုံ​လင်​သော​အ​ရာ​တည်း​ဟူ​သော ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော​အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​နိုင်​မည်​အ​ကြောင်း၊ စိတ်​နှ​လုံး​ကို အ​သစ်​ပြင်​ဆင်၍ ပုံ​သ​ဏ္ဌာန်​ပြောင်း​လဲ​ခြင်း​သို့ ရောက်​ကြ​လော့။-

ထို​ကြောင့် ကြွင်း​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် လျှပ်​ပေါ်​သော​စိတ်​နှင့် ကျင့်​သည်​နည်း​တူ၊ သင်​တို့​သည် နောက်​တစ်​ဖန် မ​ကျင့်​မည်​အ​ကြောင်း သ​ခင်​ဘု​ရား​အ​ခွင့်​နှင့် ငါ​မှာ​လိုက်၏။-

သင်​တို့​သည် မိ​စ္ဆာ​ဒိ​ဌိ​အ​ယူ​ကို​စွဲ၍​လမ်း​မ​လွဲ၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု၊ ကိုး​ကွယ်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​ကြ​လော့။

သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ ရှိ​သော​လူ​မျိုး​တို့​ကို၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ပယ်​ရှင်း​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​ပြည်၌ သင်​သည် ဝင်၍​နေ​သော​အ​ခါ၊

သူ​တို့​ပြု​သ​ကဲ့​သို့၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား သင်​မ​ပြု​ရ။ သူ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သ​မျှ​တို့​ကို သူ​တို့​ဘု​ရား၌ ပြု​ကြ​ပြီ။ ကိုယ်​သား​သ​မီး​ကို​ပင် သူ​တို့​ဘု​ရား​အား​ဝတ်​ပြု၍ မီး​ရှို့​ကြ​ပြီ။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​သို့ သင်​သည် ဝင်​စား​သော​အ​ခါ၊ ထို​ပြည်၌​နေ​သော လူ​မျိုး​တို့​ပြု​တတ်​သော စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​တို့​ကို ပြု​ခြင်း​ငှာ မ​သင်​ရ။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်၌​အပ်​ပေး​တော်​မူ​သော လူ​မျိုး​အ​ပေါင်း​ကို ဖျက်​ဆီး​ရ​မည်။ သင်၏​မျက်​စိ​သည် သူ​တို့​ကို​မ​သ​နား​ရ။ သူ​တို့​ဘု​ရား​အား ဝတ်​မ​ပြု​ရ။ ဝတ်​ပြု​လျှင်၊ ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ