Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 12:3

Judson Bible

သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို​လည်း ဖျက်​ရ​မည်။ ရုပ်​တု​များ​ကို ဖြို​ချ​ရ​မည်။ အာ​ရှ​ရ​ပင်​များ​ကို မီး​ရှို့​ရ​မည်။ ထု​လုပ်​သော ဘု​ရား​ဆင်း​တု​များ​ကို ခုတ်​လှဲ​ရ​မည်။ ထို​အ​ရပ်၌ ထို​ဘု​ရား​တို့၏​နာ​မ​ကို​ပင် ပယ်​ရှင်း​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

25 ပူးပေါင်းရင်းမြစ်များ  

အာ​ရှ​ရ​ပင်​တို့​ကို ပြု​စု၍ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ကြ​သော​ကြောင့်၊ ကျူ​ပင်​ကို ရေ၌​လှုပ်​ရှား​သ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဒဏ်​ခတ်၍၊ ဘိုး​ဘေး​တို့​အား​ပေး​တော်​မူ​သော ဤ​ပြည်​ကောင်း​မှ နုတ်​ပယ်​ပြီး​လျှင်၊ မြစ်​ကြီး​တစ်​ဖက်၌ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​စေ​တော်​မူ​မည်။

အ​ဖွား​တော်​မာ​ခါ​သည် အာ​ရှ​ရ​ပင်​အ​ဖို့ ရုပ်​တု​ကို​လုပ်​သော​ကြောင့်၊ မိ​ဖု​ရား​အ​ရာ​ကို​နုတ်၍၊ ရုပ်​တု​ကို ဖျက်​ဆီး​ပြီး​လျှင်၊ ကေ​ဒြုန်​ချောင်း​နား​မှာ မီး​ရှို့​တော်​မူ၏။

ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် ဗာ​လ​ကျောင်း​သို့​သွား၍ ဖြို​ဖျက်​ကြ၏။ ယဇ်​ပ​လ္လင်​များ​နှင့် ရုပ်​တု​များ​ကို အ​ကုန်​အ​စင်​ချိုး​ဖဲ့၍၊ ယဇ်​ပ​လ္လင်​တို့​ရှေ့​မှာ ဗာ​လ​ယဇ်​ပု​ရော​ဟိတ်​မဿန်​ကို သတ်​ကြ၏။

မြင့်​သော​အ​ရပ်​တို့​ကို ပယ်၏။ ရုပ်​တု​ဆင်း​တု​တို့​ကို ချိုး​ဖဲ့၏။ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ၏။ မော​ရှေ​လုပ်​သော ကြေး​ဝါ​မြွေ​ကို အ​ပိုင်း​ပိုင်း​ဖြတ်၏။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထို​ကာ​လ​တိုင်​အောင်၊ ထို​မြွေ​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်​ကြ၏။ ထို​မြွေ​ကို န​ဟု​တ္တန်​အ​မည်​ဖြင့် မှည့်​သ​တည်း။

ရုပ်​တု​ဆင်း​တု​တို့​ကို ချိုး​ဖဲ့၍ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ​ပြီး​မှ၊ သူ​တို့​တည်​ရာ​အ​ရပ်​များ​ကို လူ​သေ​အ​ရိုး​တို့​နှင့် ပြည့်​စေ​တော်​မူ၏။

အာ​သ​မင်း​သည် မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကောင်း​သော​အ​မှု၊ ဖြောင့်​မတ်​သော အ​မှု​တို့​ကို ပြု​လေ၏။

တစ်​ပါး​အ​မျိုး​သား​ဘု​ရား၏ ယဇ်​ပ​လ္လင်​တို့​ကို​လည်း​ကောင်း၊ မြင့်​သော​အ​ရပ်​တို့​ကို​လည်း​ကောင်း ပယ်​ရှား၏။ ရုပ်​တု​ဆင်း​တု​တို့​ကို ဖြို​ဖျက်၍၊ အာ​ရှ​ရ​ပင်​တို့​ကို ခုတ်​လှဲ၏။

သို့​သော်​လည်း၊ မင်း​ကြီး​သည် တစ်​ပြည်​လုံး​တွင်၊ အာ​ရှ​ရ​ပင်​တို့​ကို ပယ်​ရှား၍၊ ဘု​ရား​သ​ခင်​ကို​ရှာ​ခြင်း​ငှာ သ​ဘော​ချ​သော​ကြောင့်၊ ကျင့်​သော အ​ကျင့်​ကောင်း​ပါ​ပြီ​ဟု ဆို၏။

ထို​အ​မှု လက်​စ​သတ်​သော​အ​ခါ၊ စည်း​ဝေး​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည်၊ ယု​ဒ​မြို့​များ​သို့ ထွက်​သွား၍ ယု​ဒ​ပြည်၊ ဗင်္ယာ​မိန်​ပြည်၊ ဧ​ဖ​ရိမ်​ပြည်၊ မ​နာ​ရှေ​ပြည် အ​ရပ်​ရပ်၌​ရှိ​သော ရုပ်​တု​ဆင်း​တု၊ အာ​ရှ​ရ​ပင်၊ မြင့်​သော​အ​ရပ်၊ ယဇ်​ပ​လ္လင်​ရှိ​သ​မျှ​တို့​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​မီ​တိုင်​အောင် ချိုး​ဖဲ့၊ ခုတ်​လှဲ​ဖြို​ချ​ကြ၏။ ထို​နောက်​မှ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်၊ အ​သီး​အ​သီး ပိုင်​ထိုက်​သော​နေ​ရာ မြို့​ရွာ​တို့​သို့ ပြန်​သွား​ကြ၏။

အ​သက်​တော်​ငယ်​စဉ်၊ နန်း​စံ​ရှစ်​နှစ်​တွင်၊ အ​ဘ​ဒါ​ဝိဒ်၏​ဘု​ရား​သ​ခင်​ကို ဆည်း​ကပ်​စ​ပြု၏။ တစ်​ဆယ်​နှစ်​နှစ်​တွင် ယု​ဒ​ပြည်၊ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော​ကုန်း၊ အာ​ရှ​ရ​ပင်၊ ထု​သော​ရုပ်​တု၊ သွန်း​သော​ရုပ်​တု​တို့​ကို သုတ်​သင်​ပယ်​ရှင်း​စ ပြု၏။

အ​ခြား​သော​လမ်း​သို့ လိုက်​ပြေး​သော​သူ​တို့​သည် များ​စွာ​သော​ဆင်း​ရဲ​ဒု​က္ခ​ကို ခံ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သူ​တို့​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​အ​သွေး​ကို မ​လှူ​မ​ဆက်​လို။ သူ​တို့​ဘု​ရား၏​နာ​မ​ကို မ​မြွက်​လို။

ငါ​ပ​ညတ်​သ​မျှ​တို့၌ သ​တိ​ပြု​ကြ​လော့။ အ​ခြား​သော​ဘု​ရား၏​နာ​မ​ကို မ​မြွက်​မ​ဆို​နှင့်။ သင်၏​နှုတ်​ထဲ​က​မြွက်​သံ​ကို သူ​တစ်​ပါး​မ​ကြား​စေ​နှင့်။

သူ​တို့​ဘု​ရား​များ​ကို ဦး​မ​ချ​ဝတ်​မ​ပြု​ရ။ သူ​တို့​ဘာ​သာ​အ​တိုင်း မ​ကျင့်​ရ။ သူ​တို့​ကို အ​ကုန်​အ​စင်​မှောက်​လှဲ၍၊ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း ရှင်း​ရှင်း​ဖြို​ဖျက်​ရ​မည်။

သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို ဖျက်​ဆီး​ရ​မည်။ သူ​တို့​ရုပ်​တု​ဆင်း​တု​များ​ကို ချိုး​ဖဲ့​ရ​မည်။ သူ​တို့​အာ​ရှ​ရ​ပင်​များ​ကို ခုတ်​လှဲ​ရ​မည်။

ထို​သို့ ယာ​ကုပ်​အ​မျိုး​သည် ယဇ်​ပ​လ္လင်​ကျောက်​တို့​ကို ထုံး​ကျောက်​ကဲ့​သို့ ချိုး​ဖဲ့၍၊ အာ​ရှ​ရ​ပင်​နှင့် ရုပ်​တု​တို့​ကို လှဲ​သော​အ​ခါ၊ မိ​မိ​အ​ပြစ်​ပြေ၍၊ အ​ပြစ်​ပြေ​ရှင်း​ခြင်း အ​ကျိုး​ကျေး​ဇူး​ရှိ​သ​မျှ​ကို ခံ​ရ​လိမ့်​မည်။

သူ​ငယ်​တို့​ပင် မြင့်​သော​တောင်​ပေါ်၊ စိမ်း​သော​သစ်​ပင်​နား​မှာ​ရှိ​သော ယဇ်​ပ​လ္လင်​များ၊ အာ​ရှ​ရ​ပင်​များ​ကို အောက်​မေ့​တတ်​ကြ၏။

အ​ခြား​တစ်​ပါး​သော သ​ခင်​တို့၏​ဘွဲ့​နာ​မ​များ​ကို သူ၏​နှုတ်​မှ ငါ​ပယ်၍၊ ထို​ဘွဲ့​နာ​မ​များ​ကို နောက်​တစ်​ဖန် မ​မှတ်​မိ​မ​မြွက်​ဆို​ရ။

အာ​ရှ​ရ​ပင်​တို့​ကို​လည်း သင့်​အ​လယ်၌ ငါ​နုတ်၍၊ သင်၏​မြို့​တို့​ကို​လည်း ငါ​ဖျက်​ဆီး​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ပြည်​တော်​တွင် ရှိ​သော ရုပ်​တု​တို့၏​နာ​မ​များ​ကို နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​မှတ်​မိ​စေ​ခြင်း​ငှာ၊ ထို​ကာ​လ၌ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ ပ​ရော​ဖက်​လုပ်​သော သူ​တို့​ကို​လည်း​ကောင်း၊ ညစ်​ညူး​သော ဝိ​ညာဉ်​ကို​လည်း​ကောင်း ပြည်​တော်​မှ နှင်​ထုတ်​မည်။

ထို​ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို နှင်​ထုတ်​ရ​ကြ​မည်။ သူ​တို့​ရေး​သော​အ​ရုပ်၊ သွန်း​သော​ရုပ်​တု​ဆင်း​တု ရှိ​သ​မျှ​တို့​ကို ဖျက်​ရ​ကြ​မည်။ သူ​တို့​လုပ်​သော ကုန်း​ရှိ​သ​မျှ​တို့​ကို ဖြို​ချ​ရ​ကြ​မည်။

သူ​တို့​ပြု​သ​ကဲ့​သို့၊ သင်​တို့​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​မ​ပြု​ရ​ဘဲ၊

သူ​တို့​ထု​သော ရုပ်​တု​ဆင်း​တု​ဘု​ရား​များ​ကို မီး​ရှို့​ရ​မည်။ ရုပ်​တု​ဆင်း​တု၌​ပါ​သော ရွှေ​ငွေ​ကို မ​တပ်​မက်​ရ၊ မ​သိမ်း​မ​ယူ​ရ။ ယူ​လျှင် အ​ပြစ်​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။

သို့​ဖြစ်၍၊ သူ​တို့၌ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း​ဟူ​မူ​ကား၊ သူ​တို့​ယဇ်​ပ​လ္လင်​များ​ကို ဖျက်​ရ​မည်။ ရုပ်​တု​များ​ကို ဖြို​ချ​ရ​မည်။ အာ​ရှ​ရ​ပင်​များ​ကို ခုတ်​လှဲ​ရ​မည်။ ထု​သော​ရုပ်​တု ဆင်း​တု​များ​ကို မီး​ရှို့​ရ​မည်။

ပင်​လယ်​နား၌ သဲ​ပေါ်​မှာ ငါ​ရပ်၍၊ သား​ရဲ တစ်​ကောင်​သည် ခေါင်း​ခု​နစ်​လုံး၊ ချို​ဆယ်​ချောင်း​နှင့်​တ​ကွ ချို​ပေါ်၌ သ​ရ​ဖူ​ဆယ်​ဆူ​ကို ဆောင်း​လျက်၊ ခေါင်း​ပေါ်၌​လည်း ဘု​ရား​သ​ခင်၏ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော နာ​မ​ရှိ​လျက်၊ ပင်​လယ်​ထဲ​က​တက်​သည်​ကို မြင်၏။-

သင်​တို့​သည် ဤ​ပြည်​သား​တို့​နှင့် မိတ်​သ​ဟာ​ယ​မ​ဖွဲ့​ရ။ သူ​တို့​ယဇ်​ပ​လ္လင်​တို့​ကို လှဲ​ချ​ရ​မည်​ဟု ငါ​ဆို​သော်​လည်း၊ သင်​တို့​သည် ငါ့​စ​ကား​ကို နား​မ​ထောင်​ကြ။ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ