Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 12:26

Judson Bible

သင်၌ သန့်​ရှင်း​သော​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​အ​တိုင်း​ပြု​သော ပူ​ဇော်​သ​ကာ​တို့​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​သို့ သွား​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ယာ​ကုပ်​က၊ ဘု​ရား​သ​ခင်​သည် ငါ့​ဘက်၌​ရှိ​လျက်၊ ငါ​ယ​ခု​သွား​ရာ​လမ်း​မှာ၊ ငါ့​ကို​စောင့်​မ၍ စား​စ​ရာ​အ​စား၊ ဝတ်​စ​ရာ​အ​ဝတ်​ကို ပေး​သ​နား​တော်​မူ​လျှင်​လည်း​ကောင်း၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​စေ၍ ထာ​ဝ​ရ​ဘု​ရား​အား ဆောင်​ခဲ့​သော ပူ​ဇော်​သ​ကာ​ရှိ​သ​မျှ​တို့​ကို သင်​နှင့် သင်၏​သား​သ​မီး​တို့​အား ထာ​ဝ​ရ​ပ​ညတ်​တ​ရား​အား​ဖြင့် ငါ​ပေး​ပြီ။ သင်​အ​စ​ရှိ​သော သင်၏​အ​မျိုး​အ​နွယ်​နှင့်​ဆိုင်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆား​နှင့်​ယှဉ်​သော ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​သည် သင့်​နေ​ရာ​နှင့် ဝေး​လွန်း​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​သိုး​နွား​ကို၊ ငါ​မှာ​ထား​သည်​အ​တိုင်း​သတ်၍၊ သင့်​နေ​ရာ​အ​ရပ်၌ စား​ချင်​တိုင်း​စား​ရ​သော အ​ခွင့်​ရှိ၏။

ထို​အ​ရပ်​သို့ သင်​တို့​သည် မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့ ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ​ပူ​ဇော်​သ​ကာ၊ သ​စ္စာ​က​တိ​နှင့် ဆိုင်​သော​ပူ​ဇော်​သ​ကာ၊ အ​လို​လို​ပြု​သော​ပူ​ဇော်​သ​ကာ​မှ​စ၍၊ သိုး​နွား​တွင် အ​ဦး​ဖွား​သော​သား​ငယ်​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ