Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 12:23

Judson Bible

သို့​ရာ​တွင်၊ အ​သွေး​ကို​မ​စား​မည်​အ​ကြောင်း၊ သ​တိ​ပြု​လော့။ အ​သက်​သည် အ​သွေး၌​တည်၏။ အ​သား​နှင့်​တ​ကွ အ​သက်​ကို​မ​စား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း၊ အ​သက်​တည်း​ဟူ​သော အ​သွေး​နှင့်​တ​ကွ အ​သား​ကို မ​စား​ရ။

သင်​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် အ​သွေး​နှင့်​တ​ကွ အ​မဲ​သား​ကို​စား​လျက်၊ ရုပ်​တု​တို့​ကို ဖူး​မြော်​လျက်၊ လူ​အ​သက်​ကို​လည်း သတ်​လျက်​နှင့်​ပင်၊ ဤ​ပြည်​ကို ပိုင်​ရ​ကြ​မည်​လော။

ဣ​သ​ရေ​လ​အ​မျိုး​သား​မှ​စ၍၊ သင်​တို့​တွင်​တည်း​နေ​သော တစ်​ပါး​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​သည်၊ အ​သွေး​တစ်​မျိုး​မျိုး​ကို​စား​လျှင်၊ ထို​သူ​ကို ငါ​သည်​မျက်​နှာ​ထား၍ သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​မည်။

အ​ကြောင်း​မူ​ကား၊ ကိုယ်​ခ​န္ဓာ​အ​သက်​သည် အ​သွေး၌​တည်၏။ သင်​တို့​ပြု​သော​အ​ပြစ်​ကို ဖြေ​စေ​ခြင်း​ငှာ၊ ထို​အ​သွေး​ကို​သင်​တို့​အား ယဇ်​ပ​လ္လင်​ပေါ်​မှာ ငါ​ပေး​ပြီ။ လူ​အ​ပြစ်​ကို​ဖြေ​သော​အ​ရာ​ကား၊ အ​သွေး​ဖြစ်​သ​တည်း။

အ​သွေး​ပါ​သော အ​သေ​ကောင်​ကို မ​စား​ရ။ မ​ကောင်း​သော အ​တတ်​ကို​မ​ပြု​စု​ရ။ ကာ​လ​ဗေ​ဒင်​ကို မ​ကြည့်​ရ။

သင်​တို့​သည် နေ​လေ​ရာ​ရာ၌ ငှက်​သွေး၊ သား​သွေး​မှ​စ၍ အ​သွေး​မည်​မျှ​ကို​မ​စား​ရ။

သူ​တစ်​ပါး​အ​စေ​ကို ခံ​ခြင်း​ငှာ​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​စွန့်၍ လူ​များ​ကို ရွေး​ခြင်း​ငှာ​လည်း​ကောင်း၊ ကြွ​လာ​သည်​ဖြစ်၍၊ ထို​နည်း​တူ သင်​တို့​တွင် အ​ကဲ​အ​မှူး​ပြု​လို​သော​သူ​ကို သင်​တို့​အ​စေ​ခံ​ဖြစ်​စေ။ သင်​တို့​တွင်​အ​ထွတ်​အ​မြတ် လုပ်​ချင်​သော​သူ​ကို​လည်း သင်​တို့​ကျွန်​ဖြစ်​စေ​ဟု မိန့်​တော်​မူ၏။

ရုပ်​တု​တို့၏ ညစ်​ညူး​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း၊ လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း ကြဉ်​ရှောင်​စေ​ခြင်း​ငှာ သူ​တို့​ကို မှာ​လိုက်​သင့်​သည်​ဟု ငါ​သ​ဘော​ရှိ၏။-

သို့​ရာ​တွင် အ​သွေး​ကို​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့ မြေ​ပေါ်​မှာ​သွန်​ရ​မည်။

သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့ စား​ရ​မည်။ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် ရော​နှော၍​စား​ရ​သော​အ​ခွင့် ရှိ​ကြ၏။

ထို​ကြောင့် အ​သွေး​ကို​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့ မြေ​ပေါ်​မှာ​သွန်​ရ​မည်။

သို့​ရာ​တွင် အ​သွေး​ကို မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့ မြေ​ပေါ်​မှာ​သွန်​ရ​မည်။

ကိုယ်​တော်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​တော်​မူ​သော​အား​ဖြင့်၊ အ​သီး​အ​သီး ဘာ​သာ​စ​ကား​ကို ပြော​သော လူ​အ​မျိုး​အ​နွယ် ခပ်​သိမ်း​တို့​အ​ထဲ​မှ အ​ကျွန်ုပ်​တို့​ကို​ယူ၍၊ အ​သွေး​တော်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ရွေး​နုတ်​တော်​မူ၏။ အ​ကျွန်ုပ်​တို့၏ ဘု​ရား​သ​ခင့်​ရှေ့​မှာ၊ ရှင်​ဘု​ရင်​အ​ရာ၌​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား၍၊ မြေ​ကြီး​ပေါ်​မှာ စိုး​စံ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​ကြောင့်၊ ကိုယ်​တော်​သည် စာ​စောင်​ကို​ခံ​ယူ၍ တံ​ဆိပ်​တို့​ကို ဖွင့်​ထိုက်​တော်​မူ၏​ဟု အ​သစ်​သော​သီ​ချင်း​ကို​သီ၍ လျှောက်​ဆို​ကြ၏။-

ရန်​သူ၏​ဥ​စ္စာ​ကို လု​ယူ၍၊ သိုး၊ နွား၊ နွား​သ​ငယ်​တို့​ကို မြေ​ပေါ်​မှာ​သတ်​ပြီး​လျှင် အ​သွေး​နှင့်​တ​ကွ စား​ကြ၏။

ထို​သို့ လူ​များ​တို့​သည် အ​သွေး​နှင့်​တ​ကွ​စား၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သည်​ဟု ရှော​လု​အား ကြား​လျှောက်​လျှင်၊ သင်​တို့​သည် သ​စ္စာ​ပျက်​ကြ​ပြီ။ ကြီး​စွာ​သော​ကျောက်​ကို ငါ့​ထံ​သို့​ယ​နေ့​လှိမ့်​ခဲ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ