သမင်၊ ဒရယ်ကိုစားသကဲ့သို့ စားရမည်။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် ရောနှော၍စားရသောအခွင့် ရှိကြ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိုတည်စေဖို့ရာ ရွေးကောက်တော်မူသောအရပ်သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေးတော်မူသောသိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာအရပ်၌ စားချင်တိုင်းစားရသော အခွင့်ရှိ၏။
သို့ရာတွင်၊ အသွေးကိုမစားမည်အကြောင်း၊ သတိပြုလော့။ အသက်သည် အသွေး၌တည်၏။ အသားနှင့်တကွ အသက်ကိုမစားရ။
သမင်၊ ဒရယ်၊ ဆတ်၊ ဂျီ၊ ဒိရှုန်၊ စိုင်၊ ဇမေရအစရှိသော၊
သင့်နေရာအရပ်၌ စားရမည်။ သမင်၊ ဒရယ်ကိုစားသကဲ့သို့ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစားရကြမည်။